Connect with us

Asia

ဂျပန်နိုင်ငံ နာဂါနိုစီရင်စုတွင် ရစ်ချ်တာစကေး ၅.၇ အင်အားရှိ ငလျင်တစ်ခု လှုပ်ခတ်

တိုကျို၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အလယ်ပိုင်း နာဂါနိုစီရင်စု တွင် ကနဦးတိုင်းတာချက် အရ ရစ်ချ်တာစကေး ၅.၇အင်အားရှိသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသဋ္ဌာန က ဇွန်လ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ငလျင်သည် မြောက်လတ္တီကျု ၃၅.၉ဒီဂရီ၊ အရှေ့လောင်ဂျီကျု ၁၃၇.၆ဒီဂရီ ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ဂျပန်နိုင်ငံ၏ ငလျင်ပြင်းအားတိုင်းတာရေး စနစ်အရ နာဂါနိုစီရင်စု ၏ အချို့ဒေသများတွင် ငလျင်အင်အားသည် ၅ အဆင့် မှ အများဆုံး အင်အား ၇အဆင့်အထိ ရှိခဲ့ကြောင်း သိရသည်။အကြီးစား ထိခိုက်သေဆုံးမှု စာရင်းများ ထွက်ပေါ်လာခြင်းမရှိသေးဘဲ ဆူနာမီသတိပေးချက်ကိုလည်း ထုတ်ပြန်ထားခြင်းမရှိကြောင်း သိရသည်။ (Xinhua)