ရန်ကုန်၊မတ်၂၀ရက်(ဆင်ဟွာ) ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်တံတား အမှတ်(၁)နှင့်(၂)အကြားတွင် ဆိပ်ကမ်းနှင့် ဆက်စပ်လုပ်ငန်းများ၊ ဆိပ်ကမ်းကိုအခြေခံသော မြို့ပြထူထောင် ခြင်းလုပ်ငန်းများပါဝင်သည့် သန်လျင်မြို့ပြ ဒေသ ဖွံ့ဖြိုးမှုလုပ်ငန်းစီမံကိန်းကို စတင်ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန် ချက်အရသိရသည်။
ဟနွိုင်း၊ မတ် ၂၀ ရက် (ဆင်ဟွာ) ဗီယက်နမ်မြို့တော် ဟနွိုင်း၏ ဆင်ခြေဖုံးနေရာတစ်ခုဖြစ်သည့် Ha Dong ဒေသတွင် မတ်လ ၁၉ ရက် နေ့လည်တွင် ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး လူလေးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ဗီယက်နမ်အစိုးရ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြခဲ့သည်။
ရီယို ဒီ ဂျနိုင်းရို၊ မတ် ၂၀ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ Sao Paulo မြို့ တွင် မတ်လ ၁၉ ရက်က လေယာဉ်ငယ်တစ်စီးပျက်ကျမှု ကြောင့် အနည်းဆုံး ၇ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ ပြောကြားချက်အရသိရသည်။
ပေကျင်း၊ မတ် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံရှိ ကမ္ဘာ့ဒုတိယအမြင့်ဆုံး ရှန်ဟိုင်းတာဝါ မိုးမျှော်တိုက် တည်ဆောက်ခြင်း စီမံကိန်းပြီးစီးခဲ့ကာ မကြာမီ ဖွင့်လှစ်ရန် ရှိကြောင်း ပြည်တွင်း မီဒီယာများ၌ ဖော်ပြထားသည်။
ရီယို ဒီ ဂျန်နေရိုး၊ မတ် ၁၉ ရက် (ဆင်ဟွာ) ဘရာဇီး ဘောလုံး အကျော်အမော် တစ်ဦးဖြစ်သူ နေမာ (Neymar) အား အခွန်တိမ်းရှောင်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ပေးရန် ကျန်ရှိသည့် အခွန်၊ အတိုးနှင့် ဒဏ်ကြေးများ အပါအဝင် ဘရာဇီးငွေ reais ၁၈၈.၈ သန်း...