Connect with us

Videos

လေစွမ်းအင်သုံး လျှပ်စစ်ကား

ဘိုဂိုတာ၊ ဇွန် ၂ဝ ရက် (ဆင်ဟွာ)

ကိုလမ်ဘီယာနိုင်ငံတွင် လေစွမ်းအင်သုံး လျှပ်စစ်ကား ကို ပို့ဆောင်ရေးကဏ္ဍ အတွက် စမ်းသပ်ထုတ်လုပ်လျက်ရှိကြောင်းသိရသည်။ Eolo ဟု အမည်ရသည့် အဆိုပါကားထုတ်လုပ်ရေးစီမံကိန်းကို Nelson Javier Roldán ဆိုသူက ဦးဆောင်ကာ ပြုလုပ်ခြင်းဖြစ်သည်။ Eolo ဆိုသည်မှာ ဂရိ ဒဏ္ဍာရီတွင် လေစွမ်းအင်ထိန်းသိမ်းသူဟု အဓိပ္ပါယ်ရသည်။ ယခုလေစွမ်းအင်သုံးလျှပ်စစ်ကားတွင် စွမ်းအင် ၇ဝ ရာခိုင်နှုန်း ကို လေစွမ်းအင်မှ တစ်ဆင့် လျှပ်စစ်ထုတ်လုပ်ပေးသည့်စနစ်ဖြင့် မော်တော်ကားမောင်းနှင်ခြင်းဖြစ်သည်။ တစ်နာရီလျင် ၁၃ဝ ကီလိုမီတာ မောင်းနှင်နိုင်ကာ ၁၅ ကီလိုဝပ်ဘက်ထရီစွမ်းအင်ဖြင့် အားတစ်ကြိမ်သွင်းပြီးပါက ၁၁ဝ ကီလိုမီတာအထိ မောင်းနှင်နိုင်သည်။ ထိုလေစွမ်းအင်သုံးကားများကို နောက် ၅နှစ်အတွင်း အသုံးပြုနိုင်ရန် ထုတ်လုပ်သွားမည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.