ချုံချင်း၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနှစ်အတွက် ထုတ်ပြန်သည့် Fortune Global ၅၀၀ စာရင်းတွင် တရုတ် စီးပွားရေးလုပ်ငန်းများက ၁၁၅ နေရာ ပါဝင်ကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) နေပြည်တော်ကောင်စီ ဒက္ခိဏသီရိမြို့နယ် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးအနီး နေပြည်တော် မြို့ပတ်လမ်းဘေးတွင် နိုင်ငံဝန်ထမ်းအိမ်ရာ စတင်တည်ဆောက်မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) ကျိုက်ထိုမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လူနေအိမ်များကို ရေများဝင်ရောက်သဖြင့် လူ သုံးထောင်ကျော် ယာယီကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့နေထိုင်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
နယူးဒေလီ၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) ဆုတံဆိပ် ဆွတ်ခူးခဲ့သည့် ဟိန္ဒူဘာသာစကားပြော ရုပ်ရှင်ဇာတ်ကား Lipstick Under My Burkha သည် ဇူလိုင်လ ၂၁ ရက်က အိန္ဒိယတွင် ရုံတင်ပြသခွင့်ရရှိပြီ ဖြစ်ကြောင်း သိရသည်။
နေပြည်တော်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များနှင့် အလုပ်စခန်းအများစုတွင် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ လိုအပ်နေသဖြင့် ဖြည့်ဆည်းပေးသင့်သည်ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က ပြည် ထောင်စု လွှတ်တော်သို့ ယနေ့တင်ပြသည့် ၂၀၁၆ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြခဲ့ သည်။