Connect with us

Africa & Middle East

တရုတ် နိုင်ငံ က မဒါဂတ်စကာ နိုင်ငံ အား အရေးပေါ် စားနပ်ရိက္ခာ ဆန်တန်ချိန် ၄၃၀၀ တန် ကူညီထောက်ပံ့ ပေးခဲ့

မဒါဂတ်စကာ နိုင်ငံ သမ္မတ Hery မှ တရုတ် နိုင်ငံ သို့ သွားရောက်လည်ပတ် စဉ် အတွင်း တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အမှတ်တရ ဓါတ်ပုံ ရိုက်ခဲ့စဉ်(ဆင်ဟွာ)

တိုမာစီနာ ၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ အစိုးရ မှ မဒါဂတ်စကာ နိုင်ငံ အား ကူညီထောက်ပံ့သည့် အရေးပေါ် စားနပ်ရိက္ခာ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကို ဇွန်လ ၁၉ ရက်နေ့ က တိုမာစီနာ မြို့တွင် ကျင်းပပြုလုပ် ခဲ့ပြီး အခမ်းအနား သို့ မဒါဂတ်စကာ နိုင်ငံ သမ္မတ Hery Rajaonarimampianina နှင့် မဒါဂတ်စကာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ရန်ရှောင်ယုံ (Yang Xiaorong) တို့မှ တက်ရောက် ခဲ့ကြသည်။

အခမ်းအနား တွင် သံအမတ်ကြီး ရန်ရှောင်ယုံ က မဒါဂတ်စကာ နိုင်ငံ သမ္မတ မှ ယခု နှစ် မတ်လပိုင်းတွင် တရုတ် နိုင်ငံ သို့သွားရောက်လည်ပတ်စဉ် အတွင်း အရေးပေါ် စားနပ်ရိက္ခာ ကူညီထောက်ပံ့ရန် တောင်းဆိုခဲ့သဖြင့် တရုတ် နိုင်ငံ မှ ကူညီထောက်ပံ့မည် ဖြစ်ကြောင်း ကိုကြေညာခဲ့ပြီး အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

မဒါဂတ်စကာ နိုင်ငံ သမ္မတ Hery က တရုတ် နိုင်ငံ အစိုးရ ၏ ယခု ကဲ့သို့ လျင်မြန်စွာ ဆောင်ရွက်ပေးခဲ့သည့် အပေါ် လွန်စွာ ချီးမွမ်းကြောင်း ၊ ယခု ကူညီထောက်ပံ့ပေးခဲ့သည့် စားနပ်ရိက္ခာများသည် မဒါဂတ်စကာ နိုင်ငံ ပြည်သူလူထု တို့၏ မိုးခေါင်ရေရှားခြင်း နှင့် မုန်တိုင်း တို့ကြောင့် ဖြစ်ပေါ်ခဲ့သည့် ဒုက္ခသည် များအတွက် အခက်အခဲ ကို ကျော်လွှာစေနိုင်မည်ဖြစ်ပြီး စားနပ်ရိက္ခာ လုံခြုံရေး အတွက်လည်း အထောက်အကူ ဖြစ်စေခဲ့ကြောင်း ပြောကြား ခဲ့သည်။

မဒါဂတ်စကာ နိုင်ငံ သည် ပြီးခဲ့သည့် နှစ်ကုန်ပိုင်း မှ စတင်၍ ဆိုးရွားစွာ မိုးခေါင်ရေရှားမှု ဖြစ်ပွား ခဲ့သောကြောင့် ကြီးမားသည့် စားနပ်ရိက္ခာ ပြတ်လပ်မှု ဖြစ်ပွား ခဲ့သည်။ တရုတ် နိုင်ငံ အစိုးရ မှ ယခု အကြိမ်ကူညီ ထောက်ပံ့မှု သည် ဆန်တန်ချိန် ၄၃၀၀ တန်ဖြစ်ပြီး ပထမ အသုတ် ဆန် တန်ချိန် ၁၀၀၀ တန် နှင့် ဒုတိယ အသုတ် ၂၁၇၇ တန် ကို ဇွန်လ ၃ ရက်နေ့ နှင့် ၁၇ ရက်နေ့ တို့တွင် ပို့ဆောင်ပေးခဲ့သည်။ တတိယ အသုတ် သည်လည်း ယခု ရက်ပိုင်း ကာလ အတွင်း မဒါဂတ်စကာ နိုင်ငံ သို့ ရောက်ရှိမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.