ဂျကာတာ၊ မတ် ၁၈ ရက် (ဆင်ဟွာ) နိုင်ငံခြား ဧည့်သည်များ ပိုမိုဝင်ရောက်နိုင်ရန် ကြိုးပမ်းမှုအဖြစ် နိုင်ငံပေါင်း ၇၉ နိုင်ငံမှ နိုင်ငံသားများ အတွက် အင်ဒိုနီးရှားနိုင်ငံသို့ ပြည်ဝင်ခွင့် လိုအပ်ချက်များအား ဖြေလျှော့ပေးလိုက်သလို ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့် ပေးထားသည့် နိုင်ငံများစာရင်းကိုလည်း ထပ်တိုး လိုက်ကြောင်း သိရသည်။
နယူးဒေလီ၊ မတ်လ ၁၈ ရက် (ဆင်ဟွာ) တိုင်းမ် (Time) မဂ္ဂဇင်း၏ အင်တာနက်တွင် လွှမ်းမိုးနိုင်ဆုံး ပုဂ္ဂိုလ်အဖြစ် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီက နှစ်နှစ်ဆက်တိုက် ရွေးချယ်ခြင်း ခံရသည်။
ပေကျင်း၊ မတ် ၁၈ ရက် (ဆင်ဟွာ) အာရှ-ပစိဖိတ် ဒေသတွင် အကြီးမားဆုံးဖြစ်သည့် နျူကလီးယား လုံခြုံရေးစင်တာ အား တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံ တို့မှ ငွေကြေးထောက်ပံ့ တည်ဆောက်ခဲ့ပြီး ၎င်းအား မတ်လ ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။
ကုလသမဂ္ဂ၊ မတ် ၁၈ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Maiduguri မြို့ ရှိ ဗလီတစ်ခုတွင် ဘိုကိုဟာရမ် စစ်သွေးကြွအုပ်စုမှ လုပ်ဆောင်ခဲ့သည်ဟု ယူဆရသည့် အသေခံဗုံးခွဲမှု နှစ်ခု နှင့်ပတ်သက်၍ ကုလသမဂ္ဂ အကြီးအကဲ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းက မတ်လ ၁၇ ရက်က...
ချန်ချွန်း၊ မတ် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ကျိလင်း ပြည်နယ်တွင် မွေးရာပါ နှလုံးအားနည်းရောဂါ (CHD) ခံစားနေရသော အသက် ကိုးလအရွယ် ကလေးငယ် တစ်ဦးအား ဆရာဝန်များက သရီးဒီ နည်းပညာသုံး နှလုံးပုံစံငယ် အသုံးပြု၍ အောင်မြင်စွာ ခွဲစိတ် ကုသနိုင်ခဲ့ကြောင်း သိရသည်။