Connect with us

Africa & Middle East

တူရကီ အဓိက အတိုက်အခံပါတီ ချီတက်ပွဲအတွင်း အမျိုးသား တစ်ဦး နှလုံးရပ်ကာ သေဆုံး

တူရကီ အဓိက အတိုက်အခံပါတီရီပက်ဘလစ်ကန် ပြည်သူ့ ပါတီ (CHP) ၏ “တရားမျှတရေး ချီတက်ပွဲ”အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အန်ကာရာ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံရှိ အဓိက အတိုက်အခံပါတီ ရီပတ်ဘလစ်ကန် ပြည်သူ့ ပါတီ (CHP) က ဇွန်လ ၁၉ ရက်တွင် ပြုလုပ်သော “တရားမျှတရေး ချီတက်ပွဲ” အတွင်း အမျိုးသား တစ်ဦးမှာ နှလုံး ရုတ်တရက် ဖောက်ပြန်မှုကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။

အန်ကာရာမှ အစ္စတန်ဘူလ်သို့ ကီလိုမီတာ ၄၅၀ ရှိသော ချီတက်ပွဲ စတုတ္ထမြောက်နေ့ ဇွန်လ ၁၈ ရက်၌ အသက် ၆၉ နှစ်အရွယ် အမျိုးသား တစ်ဦးမှာ မိနစ် ၇၀ ကြာ လမ်းလျှောက်ပြီးနောက် နှလုံးဖောက်ပြန်သည့် ဝေဒနာ ခံစားခဲ့ရပြီး အန်ကာရာရှိ ဆေးရုံ တစ်ရုံသို့ ချက်ချင်း ပို့ဆောင်ခဲ့ရကြောင်း ဒေသတွင်း မီဒီယာက ရေးသားထားသည်။ယင်း အမျိုးသားမှာ ယခုလို နှလုံး လုံးဝ ရပ်တန့်မှု ရှစ်ကြိမ်ခန့် ဖြစ်ခဲ့ဖူးပြီး အသက် ပြန်ကယ်ထားရသူ ဖြစ်ကြောင်း CHP အန်ကာရာ လက်ထောက် တာဝန်ရှိသူ Murat Emir က ပြောသည်။

နိုင်ငံလျှို့ဝှက်ချက် အား သတင်းစာ တစ်စောင်ထံ ဖောက်ချခဲ့ခြင်းအတွက် CHP ဥပဒေပြုအမတ် Enis Berberoglu ကို ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခြင်းကို ကန့်ကွက်သည့်အနေဖြင့် CHP ပါတီ ခေါင်းဆောင် Kilicdaroglu က အန်ကာရာမှ အစ္စတန်ဘူလ်သို့ “တရားမျှတရေး ချီတက်ပွဲ” အား ဇွန်လ ၁၅ ရက်တွင် စတင်ခဲ့သည်။ကီလိုမီတာ ၄၅၀ ကွာဝေးသည့် မြို့တော် အန်ကာရာမှ အစ္စတန်ဘူလ်သို့ ချီတက်ပွဲမှာ ရက်ပေါင်း ၂၅ ရက်ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)