ရန်ကုန်၊ ဇွန် ၁၆ ရက် (ဆင်ဟွာ) မြန်မာ-အစ္စရေး နှစ်နိုင်ငံ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ အစည်းအဝေးကို ယနေ့ ဇွန် ၁၆ ရက်နေ့တွင် နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ချင်းတွင်းခန်းမ၌ ကျင်းပခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇွန် ၁၆ ရက် (ဆင်ဟွာ) ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ဇွန်လပထမပတ် အထိ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၅ဝ၇၄ သန်းကျော် အထိရှိနေပြီး ယခင်နှစ် အလားတူ ကာလကုန်သွယ်မှုထက် အမေရိကန်ဒေါ်လာ သန်း ၇၃ဝ မြင့်တက်လာ ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏...
မော်စကို၊ ဇွန် ၁၆ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ဆီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် မေလ ၂၈ ရက်က ပြုလုပ်ခဲ့သည့် ရုရှားလေတပ်၏ လေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် IS စစ်သွေးကြွခေါင်းဆောင် Abu Bakr al-Baghdadi သေဆုံးသွားနိုင်ခြေရှိကြောင်း ဇွန် ၁၆ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇွန် ၁၆ ရက် (ဆင်ဟွာ) Y-8 လေယာဉ်ပျက်ကျမှု အကြောင်းရင်းအား ဆက်လက်ဖော်ထုတ်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ ကျန်ရစ်သူမိသားစုများနှင့် တွေ့ဆုံစဉ်ပြောကြားသည်။
ဘန်ကောက်၊ ဇွန် ၁၆ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်မြို့ ရှိ ယူနက်စကို (UNESCO) ရုံး အနီးတွင် ဒေသစံတော်ချိန် နေ့လည် ၁း၃၀နာရီ က ပင်ပေါင်ဗုံးဟုယူဆရသော ဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ အနည်းဆုံး သန့်ရှင်းရေးအလုပ်သမားတစ်ဦး ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။