Connect with us

Europe

ရုရှားတိုက်လေယာဉ်များ၏ တိုက်ခိုက်မှုကြောင့် IS စစ်သွေးကြွခေါင်းဆောင် သေဆုံးသွားနိုင်ခြေရှိကြောင်း ကာကွယ်ရေးဝန်ကြီးဋ္ဌာန ပြောကြား

IS စစ်သွေးကြွခေါင်းဆောင် Abu Bakr al-Baghdadi အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မော်စကို၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ဆီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် မေလ ၂၈ ရက်က ပြုလုပ်ခဲ့သည့် ရုရှားလေတပ်၏ လေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် IS စစ်သွေးကြွခေါင်းဆောင် Abu Bakr al-Baghdadi သေဆုံးသွားနိုင်ခြေရှိကြောင်း ဇွန် ၁၆ ရက်တွင်ပြောကြားခဲ့သည်။

၎င်း က Su-35 နှင့် Su-34 ရုရှားတိုက်လေယာဉ်များသည် IS စစ်သွေးကြွခေါင်းဆောင်များ တွေ့ဆုံနေသည့် Raqqa မြို့စွန် ရှိ နေရာတစ်ခုပေါ်သို့ လေကြောင်းတိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ရာ အဆင့်မြင့် စစ်သွေးကြွတပ်မှူးများ အပါအဝင် အလယ်အလတ်အဆင့် စစ်သွေးကြွတပ်မှူး အယောက် ၃၀ နှင့် စစ်သွေးကြွ အယောက် ၃၀၀ အထိ သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်၌ပြောကြားခဲ့သည်။

ထုတ်ပြန်ချက်၌ သတင်းရင်းမြစ်များစွာမှ သတင်းအချက်အလက်များကို စစ်ဆေးပြီးနောက် IS စစ်သွေးကြွခေါင်းဆောင် Abu Bakr al-Baghdadi သည် တွေ့ဆုံပွဲ၌ ရှိနေပြီး ၎င်းလည်း သေဆုံးသွားခဲ့ကြောင်း ဖော်ပြထားသည်။

ရုရှားလေတပ်၏ စစ်ဆင်ရေး နှင့်ပတ်သက်၍ အချိန် နှင့် တည်နေရာအသေးစိတ်အား အမေရိကန်တို့ထံ ပေးပို့အကြောင်းကြားခဲ့ကြောင်း သိရသည်။

IS စစ်သွေးကြွအကြီးအကဲ သေဆုံးမှုအား မီဒီယာ အချို့ က ရက်ပေါင်းများစွာ လေ့လာဆန်းစစ်ခဲ့ကြသော်လည်း ၎င်းနှင့် ပက်သက်၍ တရားဝင် အတည်ပြုချက် ထွက်ပေါ်ခဲ့ခြင်းမရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.