Connect with us

Local

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ဇွန်လပထမပတ် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅ဝ၇၄ သန်းကျော် ရှိ

ကုန်သေတ္တာများအားတွေ့ရစဉ် (ဓာတ်ပုံ--မြဝတီ)

ရန်ကုန်၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ဇွန်လပထမပတ် အထိ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၅ဝ၇၄ သန်းကျော် အထိရှိနေပြီး ယခင်နှစ် အလားတူ ကာလကုန်သွယ်မှုထက် အမေရိကန်ဒေါ်လာ သန်း ၇၃ဝ မြင့်တက်လာ ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုများတွင် ပို့ကုန်အနေဖြင့် အမေရိကန်ဒေါ်လာ ၁၉၅၇ သန်းရရှိခဲ့ပြီး သွင်းကုန်အနေဖြင့် အမေရိကန်ဒေါ်လာ ၃၁၁၆ သန်းကျော်အထိ ကုန်သွယ်ထားခြင်း ဖြစ်ကာကဏ္ဍ အလိုက်တင်ပို့မှုများတွင် စက်မှု ကုန်ကြမ်းတင်ပို့မှုသည် ယခင်နှစ်အလားတူကာလတူထက် အမေရိကန်ဒေါ်လာ ၁၅၁ သန်း လျော့နည်းနေကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်တွင် လယ်ယာထွက်ကုန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆ဝ၃ သန်း၊ ရေထွက်နှင့် တိရစ္ဆာန်ထွက်ကုန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၂ သန်းကျော်၊ သတ္တုတွင်းထွက်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၅၂ သန်း၊ သစ်တောထွက်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၃ သန်းနှင့် စက်မှုကုန်ချောတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၇၃ဝ ကျော်ဖိုး တင်ပို့ထားပြီး တခြားအမယ်စုံ တင်ပို့မှုများမှာ အမေရိကန်ဒေါ်လာ ၃၃၄ သန်းကျော်ဖိုး တင်ပို့ခဲ့သည်။

သွင်းကုန်အနေဖြင့် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းတင်သွင်းမှုမှ အမေရိကန်ဒေါ်လာ ၁၁၃၁ သန်းကျော်၊ လုပ်ငန်းသုံးကုန်ကြမ်း ပစ္စည်းတင်သွင်းမှုမှ အမေရိကန်ဒေါ်လာ ၁၂၂၈ သန်း၊ လူသုံးကုန်ပစ္စည်း တင်သွင်းမှုမှ အမေရိကန်ဒေါ် လာ ၇၅၆ သန်းကျော်ဖိုး တင်သွင်းထားသည်။

ယခုဘဏ္ဍာနှစ်၏ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၃၉၆၈သန်း ကုန်သွယ်နိုင်ခဲ့သောကြောင့် ယခင်ဘဏ္ဍာနှစ် အလားတူ ကာလထက် အမေရိကန်ဒေါ်လာ ၇၉၁ သန်းကျော် ပိုမိုကုန်သွယ် နိုင်ခဲ့သည်။

နယ်စပ်ကုန်သွယ်မှုမှ ယခုဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၁ဝ၆ ဒသမ ဝ၂ဝ သန်း ကုန်သွယ်နိုင်ခဲ့သော်လည်း ယခင်ဘဏ္ဍာနှစ်အလားတူကာလ ကုန်သွယ်မှု ပမာဏထက် အမေရိကန်ဒေါ်လာ ၆၁သန်း လျော့နည်းသွားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.