ရန်ကုန် ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ဒေသများလုံခြုံရေး ၊ အကြမ်းဖက်ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ရေးတို့အတွက် မြန်မာနိုင်ငံမှ ကြိုးပမ်းမှုများတွင် လိုအပ်သည့် ပူးပေါင်းကူညီပံ့ပိုးမှုများ ပြုလုပ်ရေးတို့ကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး H.E. Mr. Mohammad Sufiur Rahman...
ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) သတ္တုတွင်းထွက် ပစ္စည်းရောင်းဝယ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၌ သတ္တုစတော့ဈေးကွက်တစ်ခု ပေါ်ပေါက်လာစေရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ သတ္တုတွင်း တူးဖော်ရေး လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံပြည်တွင်း (ထမံသီမြိ့ု၏ အနောက်တောင်ဘက် မိုင်(၁၁)ခန့်အကွာ)ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၄.၅)အဆင့်ရှိ အင်အား အနည်းငယ်သော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
မကာအို၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) ပေါ်တူဂီစကားပြောနိုင်ငံများနှင့်အတူ ရေရှည်တည်တံ့သော စီးပွားရေးနှင့် ကုန်သွယ်ရေး၊ ကာလရှည် တည်ငြိမ်ပြီး ခိုင်မာသော မိတ်ဖက် ဆက်ဆံရေး တိုးတက်မှု ရှိစေရန် တရုတ်နိုင်ငံက ဆန္ဒရှိကြောင်း တရုတ် ဝန်ကြီးချုပ် လီခဲ့ချန်က အောက်တိုဘာလ ၁၁ ရက်က ပြောသည်။
မကာအို၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) အာရှနှင့် အာဖရိရှိ ပေါ်တူဂီ စကားပြောနိုင်ငံများအား လာမည့် သုံးနှစ်တာအတွင်း ယွမ် ၄ ဘီလီယံ (အမေရိကန် ဒေါ်လာ သန်း ၆၀၀ နီးပါး) တန်ဖိုးရှိသော အကူအညီနှင့် ချေးငွေများ ပေးအပ်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ်...