နေပြည်တော် ၊ ဖေဖော်ဝါရီ ၁ ရက်(ဆင်ဟွာ) ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ပထမနေ့အား ယနေ့ဖေဖော်ဝါရီ ၁ ရက်နေ့နံနက် ၁၀ နာရီ အချိန်တွင် နေပြည်တော်၌ စတင် ကျင်းပပြုလုပ်ခဲ့သည်။
လူဘီအာနာ (LJUBLJANA)၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ) ဆလိုဗေးနီးယားနိုင်ငံ အနောက်ပိုင်းတွင် ဇန်နဝါရီလ ၃၀ ရက်က အစုလိုက်အပြုံလိုက် ယာဉ်ဆင့်ကဲတိုက်မှု ဖြစ်ပွားခဲ့ရာ လူ လေးဦး သေဆုံးပြီး ၂၉ ဦး ဒဏ်ရာရရှိခဲ့ပြီး ဆလိုဗေးနီးယား သမိုင်းတလျှောက် အဆိုးဝါး ဆုံး ယာဉ်တိုက်မှုဖြစ်ကြောင်း သိရသည်။
အန်ကာရာ၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ) ဇန်နဝါရီလ ၃၀ ရက် နှောင်းပိုင်းက တူရကီ လေကြောင်းနယ်နိမိတ် အတွင်းသို့ ရုရှား တိုက်လေယာဉ် SU-34 ကျူး ကျော်ဝင်ရောက်မှု နှင့် ပတ်သက်၍ တူရကီနိုင်ငံခြားရေး ဝန်ကြီးက ရုရှား သံအမတ်ကြီးအား ဆင့်ခေါ်ခဲ့ ကြောင်း တူရကီနိုင်ငံခြားရေး...
ရန်ကုန်၊ဇန်နဝါရီ၃၁ရက်(ဆင်ဟွာ) အထက်တန်းပြ ဆရာ၊ ဆရာမလိုအပ်ချက် များပြားသဖြင့် ဘီအီးဒီ ကျောင်းသား၊ ကျောင်းသူများကို ပိုမိုခေါ်ယူနိုင်ရန် စီစဉ်လျက် ရှိကြောင်း ပညာရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ရန်ကုန်၊ဇန်နဝါရီ၃၁ရက်(ဆင်ဟွာ) ဇန်နဝါရီ ၃၀ ရက်နေ့ နံနက် ၁၀း၄၅ နာရီ အချိန်တွင် ကျိုင်းလပ်မြို့နယ်၊ မိုင်းပါလျှိုးကျေးရွာအုပ်စု၊ နမ့်ကိုင်းရွာ ရှေ့တန်းတပ်စခန်းအနီး ကျိုင်းလပ်-တာလေသွား ကားလမ်းမပေါ်တွင် ကျပ်သိန်းပေါင်း (၅၅၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိကြောင်း တာချီလိတ်မူးယစ်မှ သတင်းထုတ်ပြန်သည်။