Connect with us

Politics

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ် သို့တက်ရောက်ရန် ပေကျင်းမြို့သို့ထွက်ခွာ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ယနေ့နံနက် တွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာစဉ် (ဓာတ်ပုံ-- MOFA)

ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ Belt and Road Forum for International Cooperation (နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ်) သို့ တက်ရောက်ရန် ယနေ့နံနက် တွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှအထူးလေယာဉ်ဖြင့် ထွက်ခွာသွားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

၎င်းဖိုရမ်အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ၁၄-၅-၂၀၁၇ ရက်နေ့မှ ၁၅-၅-၂၀၁၇ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်တင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့်တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားကြကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.