Connect with us

Economy

(B&R Forum) ခေတ်သစ် ပိုးလမ်းမကြီး ဖိုရမ် တက်ရောက်ရန် အမေရိကန်၊ တောင်ကိုရီးယားနှင့် အခြားခေါင်းဆောင်များ ရောက်ရှိ

နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ခေတ်သစ် ပိုးလမ်းမကြီး ဖိုရမ် တက်ရန် တရုတ်နိုင်ငံ ပေကျင်းသို့ ရောက်ရှိလာသည့် ဂရိနိုင်ငံ ဝန်ကြီးချုပ် အဲလက်စီ စီးပရက်စ်အားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၃ ရက် (ဆင်ဟွာ)

နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ခေတ်သစ် ပိုးလမ်းမကြီး ဖိုရမ် တက်ရောက်ရန် ဥရောပ သမဂ္ဂ၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန် စသည့်နိုင်ငံများမှ ခေါင်းဆောင်များ ရောက်ရှိလာပြီ ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကမေလ ၁၃ ရက်တွင် အတည်ပြု ပြောကြားလိုက်သည်။

နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ကိမ်းစွမ်၏ ပြောကြားချက်အရ အမေရိကန် ကိုယ်စားလှယ်အဖွဲ့အား သမ္မတ၏ အထူးလက်ထောက်နှင့် အာရှဒေသဆိုင်ရာ အမျိုးသား လုံခြုံရေးကောင်စီ အဆင့်မြင့် ညွှန်ကြားရေးမှူး မတ်ပေါ့တင်ဂါး (Matt Pottinger) က ဦးဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံမှ အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌဟောင်း ပက်ဗြောင်ဆွတ်နှင့် ဂျပန်နိုင်ငံ အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီ အထွေထွေအတွင်းရေးမှူး တိုရှီဟီရို နီခါအီတို့ တက်ရောက်မည် ဖြစ်ကြောင်း ကိမ်းက ပြောသည်။ထို့ပြင် ဗြိတိန်နိုင်ငံမှ ဝန်ကြီးချုပ် ထရီဆာမေ (Treasa May) ၏ အထူးအစီရင်ခံစာ တင်သွင်းသူ ဘဏ္ဍာရေးဝန်ကြီး ဖိလစ်ဟမ်မွန် (Philip Hammond) အားလည်းကောင်း၊ ဂျာမနီနိုင်ငံမှ စီးပွားရေး ဝန်ကြီး Brigittee Zypries အားလည်းကောင်း၊ ပြင်သစ်နိုင်ငံမှ ဝန်ကြီးချုပ်ဟောင်း ဂျိန်း-ပိုင်ရီရာဖရိန်းက ပြင်သစ် ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်၍လည်းကောင်း ဖိုရမ်သို့ တက်ရောက်ကြမည် ဖြစ်သည်။ဥရောပ ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ Jyrki Katainen လည်း ခေတ်သစ် ပိုးလမ်းမကြီး ဖိုရမ်သို့ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.