ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ကျင်းပမည့် ၂၀၁၇ခုနှစ် တောင်နှင့်အရှေ့တောင်အာရှကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော် (2017 SOUTH & SOUTHEAST ASIA COMMODITY EXPO INVESTMENT FAIR) ပြပွဲသို့စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ကြောင်း မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း မှ သတင်းထုတ်ပြန်သည်။
ဆစ်ဒနီ၊ မေ ၉ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံ ရှိ ဗစ်တိုးရီးယား အကျဉ်းထောင်များ အနီး (သို့) အပေါ် ၌ မောင်းသူမဲ့လေယာဉ် (ဒရုန်း) များ ပျံသန်းမှုကို တားမြစ်ကြောင်း မေလ ၉ ရက် ကကြေညာခဲ့သည်။
ဘန်ဒါဆာရီဘာဂါဝမ် ၊ မေ ၈ ရက် ၉ (ဆင်ဟွာ) ဘရူနိုင်း နိုင်ငံ၌ မိသားစုဝင်အချင်းချင်းကြား ချစ်ကြည်ရင်းနှီးမှု ရှိစေရန် နှင့် သံယောဇဉ်ကြိုး ပိုမိုခိုင်မာမှုစေရန် နိုင်ငံ၏ ၆ ကြိမ်မြောက် အမျိုးသား မိသားစုနေ့ကို ကျင်းပခဲ့ကြကြောင်းသိရသည်။
တိုကျို ၊ မေ ၉ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ တောင်ဘက်အစွန်း ၊ အိုကီနာဝါပြည်နယ် ၊ Miyakejima ကျွန်း ကမ်းရိုးတန်းတစ်လျှောက်တွင် ယနေ့(မေလ ၉ ရက်)တွင် ပြင်းအား ၆.၄ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသအေဂျင်စီက သတင်းထုတ်ပြန်ခဲ့သော်လည်း ဆူနာမီသတိပေးမှု ထုတ်ပြန်ခဲ့ခြင်းမရှိကြောင်း...
ဟန်ကျိုး၊ မေ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံဟန်ကျိုး၌ သူငယ်တန်းကျောင်းသားလေးများကို ငယ်စဉ်ကတည်းက ဘတ်စကက်ဘော ကစားရာတွင် ကျွမ်းကျင်စွာကစားနိုင်စေရန် လေ့ကျင့်ပေးထားပြီး ကျောင်းအလိုက် ပြိုင်ပွဲများလည်း ယှဉ်ပြိုင်ကစားစေခဲ့ကြောင်း သိရသည်။ ယင်းမှာ ကလေးငယ်လေးများအား ငယ်စဉ်ကတည်းက ညီညာစွာ စုပေါင်းဆောင်ရွက်တတ်စေရန်နှင့် အားကစားကို လိုက်စားခြင်းဖြင့်ကျန်းမာရေးကောင်းမွန်စေရန် ရည်ရွယ်ချက်များဖြင့် လေ့ကျင့်သင်ကြားပေးနေခြင်းဖြစ်ကြောင်း သိရသည်။...