Connect with us

Asia

ဘရူနိုင်း နိုင်ငံ၌ ၆ ကြိမ်မြောက် အမျိုးသား မိသားစု နေ့အခမ်းအနားကျင်းပ

ဘရူနိုင်း နိုင်ငံ၌ ဘုရင် ဆူလတန် ဟက်ဆန်နာဘိုကီးရား ( ရှေ့ ဆုံး စက်ဘီးစီးနေသူ) အမျိုးသား မိသားစုနေ့ အခမ်းအနားတွင် ပါဝင် ဆင်နွှဲနေစဉ် (ဆင်ဟွာ)

ဘန်ဒါဆာရီဘာဂါဝမ် ၊ မေ ၈ ရက် ၉ (ဆင်ဟွာ)

ဘရူနိုင်း နိုင်ငံ၌ မိသားစုဝင်အချင်းချင်းကြား ချစ်ကြည်ရင်းနှီးမှု ရှိစေရန် နှင့် သံယောဇဉ်ကြိုး ပိုမိုခိုင်မာမှုစေရန် နိုင်ငံ၏ ၆ ကြိမ်မြောက် အမျိုးသား မိသားစုနေ့ကို ကျင်းပခဲ့ကြကြောင်းသိရသည်။

အမျိုးသား မိသားစုနေ့ကို မေလ၏ ပထမဆုံး တနင်္ဂနွေနေ့တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး မိသားစုတစ်ခုတွင် ချစ်ခြင်းမေတ္တာ နှင့် စည်းလုံးညီညွတ်မှု အရေးကြီးပုံကို မီးမောင်းထိုးပြရန် ၊ မိသားစုဝင်အချင်းချင်းအကြား တစ်ဦး နှင့်တစ်ဦး ဂရုစိုက်ကြရန် နှင့် အပြန်အလှန်လေးစားကြရန် နိုင်ငံ ၊ အသိုက်အဝန်း နှင့် မိသားစုအတွက် တာဝန်ယူမှုကို ပူးတွဲလုပ်ဆောင်ပြီး ဆက်သွယ်မှု ပိုမိုကောင်းမွန်ရန် အတွက် ရည်ရွယ်ပြီး အခမ်းအနားကျင်းပခဲ့ခြင်းဖြစ်သည်။

ဘရူနိုင်း နိုင်ငံ၌ ဘုရင် ဆူလတန် ဟက်ဆန်နာဘိုကီးရား ( ရှေ့ဆုံး ကြိုးဆွဲနေသူ) အမျိုးသား မိသားစုနေ့အခမ်းအနားတွင် ပါဝင် ဆင်နွှဲနေစဉ် (ဆင်ဟွာ)

ယခုနှစ်အတွင် အမျိုးသားမိသားစုနေ့ဆောင်ပုဒ်မှာ “ မိသားစုကို ဂရုစိုက်ခြင်းဖြင့် တိုင်းပြည် စည်ပင်ဝပြောပါစေ” ဟူ၍ ဖြစ်သည်။ လူမှုအသိုက်အဝန်းတစ်ခုကို တည်ဆောက်ရန်အတွက် အရေးကြီးသော အခြေခံအုတ်မြစ်များမှာ အိမ်ထောင်စုဝင်များအကြား ဟန်ချက်ညီညီနေထိုင်ရေးဆိုသည့် အသိတရားတစ်ခုကို ဖန်တီးသွားရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဘရူနိုင်း နိုင်ငံ ယဉ်ကျေးမှု ၊ လူငယ် နှင့် အားကစား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Hajah Norlila ၏ ပြောကြားချက်အရ သိရသည်။

ယခုနှစ်၏ အမျိုးသားမိသားစု နေ့အခမ်းအနားကို ယခင်နှစ်များအတိုင်းပင် ဘရူနိုင်း နိုင်ငံ တစ်ဝန်းရှိ အဓိက ဗလီများတွင် နံနက်ပိုင်း၌ ကျင်းပခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဘန်ဒါဆာရီဘာဂါဝန်မြို့တော်၌ ၁၆ ကီလိုမီတာ စက်ဘီးစီးခြင်း အခမ်းအနားတစ်ခုကိုလည်း ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း ၊ ဘရူနိုင်းဘုရင် ဆူလတန် ဟက်ဆန်နာ ဘိုကီးရား ကိုယ်တိုင် တော်ဝင်မိသားစုဝင်များနှင့်အတူ ပါဝင် စက်ဘီးနင်းခဲ့ကြောင်း သိရသည်။

အခြားပျော်ပွဲရွှင်ပွဲများအနေဖြင့် အားကစားပြိုင်ပွဲ ၊ မိသားစု ကခုန်ခြင်း ၊ ငှက်ပြပွဲများကိုလည်း ယင်းနေ့တွင် ဆက်လက်ကျင်းပသွားရန် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.