Connect with us

Economy

ကူမင်းမြို့တွင် ကျင်းပမည့် ၂၀၁၇ခုနှစ် တောင်နှင့်အရှေ့တောင်အာရှကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော်သို့ တက်ရောက်နိုင်ရန်ဖိတ်ကြား

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၏ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း)

ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ကျင်းပမည့် ၂၀၁၇ခုနှစ် တောင်နှင့်အရှေ့တောင်အာရှကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော် (2017 SOUTH & SOUTHEAST ASIA COMMODITY EXPO INVESTMENT FAIR) ပြပွဲသို့စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ကြောင်း မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း မှ သတင်းထုတ်ပြန်သည်။

ထို၂၀၁၇ခုနှစ် တောင်နှင့်အရှေ့တောင်အာရှကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော် (2017 SOUTH & SOUTHEAST ASIA COMMODITY EXPO INVESTMENT FAIR) ပြပွဲကို ၂၀၁၇ခုနှစ်၊ ဇွန်လ(၁၂)ရက်နေ့မှ (၁၈)ရက်နေ့ထိ (၇)ရက်ကြာကျင်းပမည်ဖြစ်သည်။

အဆိုပါပြပွဲသို့မြန်မာ့ကျောက်မျက်ရတနာပြတိုက်၊ မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းရုံးခွဲ(မန္တလေး၊ မိုးကုတ်၊ မြစ်ကြီးနား၊ ဖားကန့်၊ စစ်ကိုင်း၊ ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်းဈေးတို့မှ ကျောက်မျက်အသင်းဝင်များပါဝင်ပြသနိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.