Connect with us

Asia

အိုကီနာဝါကမ်းလွန် ရှိ Miyakejima ကျွန်း၌ ပြင်းအား ၆.၄ အဆင့်ရှိ ငလျင်လှုပ် ၊ ဆူနာမီ သတိပေးချက်ထုတ်ပြန်ထားခြင်း မရှိ

ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့သော ဂျပန်နိုင်ငံ အိုကီနာဝါကမ်းလွန် ရှိ Miyakejima ကျွန်း မြေပုံအားတွေ့ ရစဉ် (ဓာတ်ပုံ-အင်တာနက်)

တိုကျို ၊ မေ ၉ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ တောင်ဘက်အစွန်း ၊ အိုကီနာဝါပြည်နယ် ၊ Miyakejima ကျွန်း ကမ်းရိုးတန်းတစ်လျှောက်တွင် ယနေ့(မေလ ၉ ရက်)တွင် ပြင်းအား ၆.၄ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသအေဂျင်စီက သတင်းထုတ်ပြန်ခဲ့သော်လည်း ဆူနာမီသတိပေးမှု ထုတ်ပြန်ခဲ့ခြင်းမရှိကြောင်း သိရသည်။

ဂျပန်မိုးလေဝသအေဂျင်စီ ( JMA ) အဆိုအရ ဒေသစံတော်ချိန် နံနက် ၁ဝ နာရီ ၅၄ မိနစ်တွင် မြောက်လတ္တီကျူ့ ၂၅.၂ ဒီဂရီ နှင့် အရှေ့လောင်ဂျီကျူ့၁၂၆.၅ ဒီဂရီ အတွင်း လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းငလျင်သည် ပင်လယ်ကြမ်းပြင်အောက် အနက် ၁ဝ ကီလိုမီတာ၌ ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အေဂျင်စီက ဆိုသည်။

ထို့ပြင် မိုးလေဝသအေဂျင်စီက “ ကမ်းခြေဒေသတွေမှာ ပင်လယ်ရေမျက်နှာပြင် ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေပေမယ့် ငလျင်ကြောင့် ဂျပန်မှာ အသေအပျောက်တော့ မရှိပါဘူး” ဟု ပြောကြားခဲ့သည်။

ဒေသတွင်းမီဒီယာ (သို့မဟုတ်) အဆိုပါ ဒေသတွင်း ပထမဆုံး သတင်းတုန့်ပြန်ဖော်ပြခဲ့သူများ၏အဆိုအရ ကမ်းခြေတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မည်သည့် ထိခိုက်ဒဏ်ရာရမှု (သို့မဟုတ်) မတော်တဆမှု သတင်းပေးပို့ချက်ကို လက်ခံရရှိထားခြင်း မရှိသေးကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117