ဒမတ်စကက်၊ မေ ၁၅ ရက် (ဆင်ဟွာ) မေလ ၁၄ ရက် အစောပိုင်းက အိုင်အက်စ် လက်သို့ ကျရောက်သွားသည့် ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း ဒီးယာ အယ်လ်-ဇောပြည်နယ်ရှိ ဆေးရုံအား ဆီးရီးယားစစ်တပ်က ပြန်လည် သိမ်းယူနိုင်ခဲ့ပြီဖြစ်ကြောင်း စစ်ဘက်ဆိုင် ရာ သတင်းရင်းမြစ် တစ်ဦးက ဆင်ဟွာသို့ ပြောသည်။
ဟာဘင်၊ မေ ၁၅ ရက် (ဆင်ဟွာ) လွန်ခဲ့သော ၂၅ နှစ်က လူ ခြောက်ဦးအား သတ်ခဲ့ကြောင်း သံသယရှိသူ တစ်ဦးအား တရုတ်နိုင်ငံ အရှေ့ မြောက်ပိုင်း Heilongjiang ဒေသ၌ ဖမ်းမိခဲ့ကြောင်း ဒေသဆိုင်ရာရဲက မေလ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်း ဒေသကြီးခရိုင်လေးခရိုင်အတွင်း ၁၁-၆ ဒသမ ၆နှင့် ၀ ဒသမ ၄ ကေဗွီ ၂၀၀ ကေဗွီအေ ဖြန့်ဖြူးရေးထရန်စဖော်မာအလုံး ၁၅၀ တပ်ဆင်ခြင်းလုပ်ငန်းများကို ရက်၁၀၀စီမံချက်အတွင်း ဆောင်ရွက်သွားမည်ဖြစ်သည်။
ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော် သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ဆိုချီမြို့တွင် ကျင်းပမည့် အာဆီယံ- ရုရှား ဆက်ဆံရေး နှစ် (၂၀)ပြည့် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် သွားရောက်မည်ဖြစ်သည်။
ရန်ကုန်၊ မေ ၁၅ရက် (ဆင်ဟွာ) ရန်ကုန်မြို့တွင်းရှိခုံးကျော်တံတားများ ၏ အတက်၊ အဆင်း၌ရှိသော ဘတ်စ်ကား မှတ်တိုင်များကို ယခုလအတွင်း ရွှေ့ပြောင်း သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ(လမ်း၊ တံတား)ဌာနမှ သိရသည်။