Connect with us

Latin America

ကိုလံဘီယာ နိုင်ငံ စက်ဘက်ဆိုင်ရာ လေယာဉ် တစ်စင်း ပျက်ကျခဲ့ပြီး ၈ ဦး သေဆုံး

Cessna 208 အမျိုးအစား လေယာဉ် တစ်စင်း အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဘိုဂိုတာ ၊ မေ ၂ ရက် (ဆင်ဟွာ)

ကိုလံဘီယာ နိုင်ငံ စစ်ဘက်ဆိုင်ရာ ၏ Cessna 208 အမျိုးအစား လေယာဉ် တစ်စင်းသည် မေလ ၁ ရက်နေ့တွင် ကိုလံဘီယာ နိုင်ငံ အလယ်ပိုင်း Cundinamarca ပြည်နယ်တွင် ပျက်ကျခဲ့ပြီး ၈ ဦး သေဆုံး ခဲ့ရကြောင်း သိရှိရသည်။

Cundinamarca ပြည်နယ် ဘေးအန္တရာယ် ထိန်းချုပ်ရေး စင်တာ တာဝန်ရှိသူ က လေယာဉ်ပျက်ကျမှု သည် ဒေသစံတော်ချိန် မေလ ၁ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန်တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး လက်ရှိချိန်တွင် အခင်းဖြစ်ပွားရာ နေရာသို့ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့ဝင်များစေလွတ်ခဲ့ပြီး အခင်းဖြစ်ပွားရသည့် အကြောင်းရင်း ကို သွားရောက် စုံစမ်းစေခဲ့ကြောင်း ပြောကြား ခဲ့သည်။

ကနဦး စစ်ဆေးတွေ့ရှိချက်များအရ သေဆုံးခဲ့သည့် ၈ ဦးတွင် ၃ ဦးမှာ လေယာဉ် စက်ပိုင်းဆိုင်ရာ ဝန်ထမ်းများဖြစ်ကြကာ လေယာဉ်ပျက်ကျခဲ့သည့် အကြောင်းရင်း ကို စုံစမ်းဆဲ ဖြစ်ကြောင်း သိရှိရသည်။

ကိုလံဘီယာ နိုင်ငံ သမ္မတ Juan Manuel Santos က အခင်းဖြစ်ပွားသည့်နေ့ ညပိုင်းတွင် ၎င်း၏ Twitter စာမျက်နှာ၌ “ကျွန်တော်တို့အနေဖြင့် Cundinamarca ပြည်နယ် လေယာဉ်ပျက်ကျမှု တွင် သေဆုံးခဲ့သည့် မိသားစုဝင်များ နှင့် အတူတကွ ရှိသည်”ဟု ရေးသားဖော်ပြခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.