ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် သံချောင်းကျေးရွာ နှင့် ပီပင်ရင်းကျေးရွာများတွင် ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေ အိမ်အချို့ ပျက်စီးသွားကြောင်း သိရသည်။
အော့စလို ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ) နော်ဝေနိုင်ငံအစိုးရသည် နိုင်ငံအတွင်းရှိ မူကြိုကျောင်းများအားလုံး နှင့် နိုင်ငံတစ်ဝန်းလုံးရှိ ပညာရေးဌာနများဖြစ်သော စာသင်ကျောင်းများ ၊ ကောလိပ်များ နှင့် တက္ကသိုလ်များတွင် မျက်နှာကိုဖုံးကွယ်ထားသည့် ခေါင်းမြီးခြုံ ဝတ်စုံများကို တားမြစ်သွားရန် အဆိုပြုထားကြောင်း ဇွန်လ ၁၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ် ၊ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ် စံပြကျေးရွာ အရှေ့စုရပ်ကွက်၌ ဇွန် ၁၂ ရက်တွင် အင်အားပြင်း လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူ ၂ ဦး သေဆုံးကာ ၄ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း...
ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) ပျက်ကျ တပ်မတော် Y-8လေယာဉ်ရှာဖွေရာတွင် ယနေ့ ဇွန် ၁၃ရက်နေ့ နံနက် ၉ နာရီထိ ရုပ်အလောင်း ၈၅ လောင်းထိရှာဖွေတွေ့ရှိထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
ပနားမားစီးတီး၊ဇွန်၁၃ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် ပနားမားသမ္မတနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးထူထောင်လိုက်ကြောင်း ဇွန်လ ၁၂ ရက်တွင် ပြုလုပ်သည့် ရုပ်မြင်သံကြား မိန့်ခွန်းပြောကြားမှု အစီအစဉ်တစ်ခု၌ ပနားမားသမ္မတ ဂျူအန်ကားလိုစ့်ဗယ်ရီလာ (Juan Carlos Varela ) က ထုတ်ဖော်ပြောကြားခဲ့သည်။