Connect with us

North America

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က သင့်လျော်သော အခြေအနေအောက်တွင် မြောက်ကိုရီးယား နိုင်ငံ သမ္မတ နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း ပြောကြား

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် နှင့် မြောက်ကိုရီးယား နိုင်ငံ သမ္မတ ကင်ကျုံအန်း အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ မေလ ၂ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က မိမိ အနေဖြင့် သင့်လျော်သော အခြေအနေ အောက်တွင် မြောက်ကိုရီးယား နိုင်ငံ သမ္မတ ကင်ကျုံအန်း (Kim Jong-un) နှင့် တွေ့ဆုံလိုကြောင်း မေလ ၁ ရက်နေ့က ပြောကြား ခဲ့သည်။

ဒေါ်နယ်ထရမ့် သည် ဘလွန်းဘာ့ဂ်(Bloomberg) သတင်းဌာန ၏ တွေ့ဆုံမေးမြန်းမှု ကို ဖြေကြားရာတွင် အထက်ပါ သဘောထား ကို ပြောကြား ခဲ့ခြင်းဖြစ်ပြီး ၎င်းက နိုင်ငံရေးသမား အများစုသည် ကင်ကျုံအန်း နှင့် တွေ့ဆုံလိုကြောင်း ကို ပြောကြားကြမည်မဟုတ်ကြောင်း နှင့် သင့်လျော်သော အခြေအနေ အောက်တွင် မုချ ကင်ကျုံအန်း နှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး ယင်းကဲ့တို့တွေ့ဆုံသည့် အတွက်လည်း လွန်စွာ ဂုဏ်ယူကြောင်း ပြောကြား ခဲ့သည်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Sean Spicer က ဒေါ်နယ်ထရမ့် ၏ ပြောဆိုမှုများနှင့် ပတ်သက်၍ သတင်းထောက်များအား အမေရိကန် နိုင်ငံ နှင့် မြောက်ကိုရီးယား နိုင်ငံခေါင်းဆောင် တို့တွေ့ဆုံရမည့် အချိန်အခါ မရောက်ရှိသေးကြောင်း နှင့် အမေရိကန် နိုင်ငံ အနေဖြင့် မြောက်ကိုရီးယား မှ ရန်လိုသော အပြုအမူ များ လျော့ချဆောင်ရွက်သည်ကို မြင်တွေ့ရန် လိုအပ်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ အစိုးရ က အမေရိကန် နိုင်ငံ အနေဖြင့် ပိတ်ဆို့အရေးယူမှု နှင့် နိုင်ငံခြားရေး ဆောင်ရွက်မှု တို့ကို ပူးပေါင်းသည့် ပုံစံဖြင့် ကိုရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေး ကို အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး အမေရိကန် နိုင်ငံ အနေဖြင့် တွေ့ဆုံဆွေးနွေးရန် အတွက် အမြဲတန်း တံခါးဖွင့်ထားသည့် သဘောထား ရှိကြောင်း ကို ဧပြီလ ၂၄ ရက်နေ့က ထုတ်ပြန်ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.