ရောမ၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) အသက်အကြီးဆုံးသူဟု လူသိများသော အီတာလျံ အမျိုးသမီး အမ်မာ မိုရန်နို (Emma Morano) သည် အသက် ၁၁၇ နှစ်အရွယ်တွင် အီတလီနိုင်ငံ မြောက်ပိုင်း ၎င်း၏ နေအိမ်တွင် ဧပြီလ ၁၅ ရက်က ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။...
ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) မာရသာမုန်တိုင်းအရှိန်ကြောင့် ဟိုင်းကြီးကျွန်းမြို့တွင် လေပြင်းများတိုက်ခတ်၊ လူတစ်ဦးသေ၊ နေအိမ်ခုနှစ်လုံး အမိုးပျက်စီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
ဒမတ်စကက်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ မြောက်ပိုင်း မှ ရှီယိုက်လူမျိုးများအား ကယ်ဆယ်ရွှေ့ပြောင်းပေးမည့် ယာဉ်တန်းအား ဧပြီ ၁၅ ရက်က အသေခံဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့ရာ သေဆုံးသူဦးရေသည် ၁၁၂ ဦးအထိ မြင့်တက်လာခဲ့ကြောင်း လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခု က ဧပြီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) ဆိုင်ကလုန်းမုန်တိုင်း မာရသာ သည် မြန်မာနိုင်ငံကမ်းခြေဒေသ၊ သံတွဲမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်မည်ဟု ခန့်မှန်းရပါသဖြင့် အနီ ရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) ဆိုင်ကလုန်းမုန်တိုင်း ၏ လက်ရှိအခြေအနေအရ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေ အနေဖြစ်၍ လိမ္မော်ရောင်အဆင့်ဟုသတ်မှတ်ကြောင်း ထုတ်ပြန်ထားသည့်အတွက်လည်း ပြည်သူ များအနေဖြင့် အောက်ဖော်ပြပါကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန်လိုအပ်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ မှ အကြံပြုချက်ထုတ်ပြန်သည်။