Connect with us

Europe

အီတလီက ကမ္ဘာ့ အသက်အကြီးဆုံးဟု လူသိများသော အမျိုးသမီး အသက် ၁၁၇ နှစ်တွင် ကွယ်လွန်

အီတလီနိုင်ငံ အနောက်မြောက်ပိုင်း Verbania မြို့တွင် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်က အသက် ၁၁၇ နှစ်ပြည့် မွေးနေ့ပွဲကို ကျင်းပနေသည့် အမ်မာ မိုရန်နိုအား တွေ့ရစဉ် (ဆင်ဟွာ)

ရောမ၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ)

အသက်အကြီးဆုံးသူဟု လူသိများသော အီတာလျံ အမျိုးသမီး အမ်မာ မိုရန်နို (Emma Morano) သည် အသက် ၁၁၇ နှစ်အရွယ်တွင် အီတလီနိုင်ငံ မြောက်ပိုင်း ၎င်း၏ နေအိမ်တွင် ဧပြီလ ၁၅ ရက်က ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

၁၈၉၉ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်တွင် မွေးဖွားခဲ့သော မိုရန်နိုသည် ၁၉ ရာစုအတွင်း မွေးဖွားခဲ့သူများအနက် နောက်ဆုံး အသက်ရှင်ကျန်ရစ်ခဲ့သူလည်း ဖြစ်သည်။

၎င်း၏ မွေးရပ်မြို့ Verbania ၏ မြို့တော်ဝန် ဆေလ်ဗီယာ မာချီယွန်နီနီက မိုရန်နိုတွင် အံ့သြဖွယ်ရာ သက်ရှည်ဘဝအကြောင်းနှင့် ၎င်း၏ ရှေ့ဆက်မည့် ခွန်အားကို ကျွန်တော်တို့ အမြဲ သတိရနေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မိုရန်နိုသည် အီတလီ မင်းဆက် သုံးဆက်အထိ မီခဲ့သလို သမ္မတပေါင်း တစ်ဒါဇင်ခန့် အုပ်ချုပ်မှုအတွင်း နေထိုင်ခဲ့ရကြောင်း သိရသည်။

အံ့သြဖွယ်ရာ လူ့သက်တမ်း ရှည်ကြာစွာ နေထိုင်ခဲ့ရသော်လည်း ၎င်း၏ ဘဝမှာ ချောမွေ့လှသည်တော့ မဟုတ်ခဲ့ပေ။ မိုရန်နိုသည် ၎င်း၏ မိသားစုဝင် မွေးချင်း အစ်ကိုနှင့် အစ်မ ၈ ယောက်ထက် အသက်ရှည်ခဲ့သည်။ ပထမ ကမ္ဘာစစ်အတွင်း ၎င်း၏ ချစ်သူအား ဆုံးရှုံးခဲ့ရပြီးနောက် ၎င်းကိုယ်တိုင် ကြိုက်နှစ်သက်ခြင်း မရှိသည့် အနည်းငယ် စရိုက်ကြမ်းသော အမျိုးသား တစ်ဦးနှင့် လက်ထပ်ခဲ့ရကြောင်း ဒေသခံ မီဒီယာများ သတင်းဖော်ပြချက်များအရ သိရသည်။

၎င်း၏ ခင်ပွန်းထံမှ ထွက်ပြေးမလာခင်ကတည်းက ၎င်း၏ တစ်ဦးတည်းသော ကလေးအား ဆုံးရှုံးခဲ့ရသလို အသက် ၆၅ နှစ်အရွယ်အထိ စက်ရုံ တစ်ရုံတွင် အလုပ်လုပ်ကိုင်ရင်း ဘဝကို တစ်ယောက်တည်း ရပ်တည် ဖြတ်သန်းခဲ့သူ ဖြစ်သည်။

၎င်း၏ ဘဝအတွင်း အံသြဖွယ် အကောင်းဆုံး မှတ်သားစရာ အနေဖြင့် မိုရန်နိုသည် လွန်ခဲ့သည့် နှစ်ပေါင်း ၁၀ နှစ်ခန့်အထိ တစ်နေ့လျှင် ကြက်ဥ ၃ လုံး စားသုံးခြင်းက ၎င်း၏ ဘဝသက်တမ်းကို ရှည်ကြာစေသည့် အချက် တစ်ချက် ဖြစ်သည်။

ဘီစကွတ်ကို ကြိုက်နှစ်သက်သည့် ၎င်းသည် နေ့စဉ် ဟင်းသီးဟင်းရွက် အနည်းငယ်သာ စားသုံးလေ့ရှိကြောင်း မိုရန်နိုအား ကြည့်ရှုပေးသည့် ဆရာဝန်က ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.