Connect with us

Environment, Disasters & Accidents

ဟိုင်းကြီးကျွန်းမြို့တွင် လေပြင်းများတိုက်ခတ်၊ လူတစ်ဦးသေ နေအိမ်တချို့ပျက်စီး

ဟိုင်းကြီးကျွန်းတွင် လေတိုက်ခတ်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ)

မာရသာမုန်တိုင်းအရှိန်ကြောင့် ဟိုင်းကြီးကျွန်းမြို့တွင် လေပြင်းများတိုက်ခတ်၊ လူတစ်ဦးသေ၊ နေအိမ်ခုနှစ်လုံး အမိုးပျက်စီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ယခုတိုက်ခတ်လျက်ရှိသော မာရ သာမုန်တိုင်း အရှိန်ကြောင့် ဇီးချိုင်ကျေးရွာအုပ်စု ကြာကန်ကျေးရွာတွင် (၁၆.၄.၁၇ )ရက်နေ နံနက်ပိုင်း က လူနေအိမ်တစ်လုံး အုန်းပင်ပိ၍ လူတစ်ဦးသေဆုံးခဲ့ပြီး ကံချိုင်ကျေးရွာအုပ်စု ဘန့်ဘွေးကျေးရွာ တွင် လူနေအိမ်(ဝါးဓနိ) ၄ လုံးနှင့် ကမ်းသာယာ ကျေးရွာတွင် လူနေအိမ်(ဝါးဓနိ) ၃ လုံး အမိုးများပျက်ဆီး သွားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.