ဂျကာတာ၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ရဲဝန်ထမ်း ၁၆ ဦးအား တင်ဆောင်လာသည့် လေယာဉ် တစ်စင်းသည် အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ဘတ်တမ် ရေပြင်အတွင်းသို့ ပျက်ကျခဲ့ရာ သေဆုံးသူများ၏ ခန္ဓာကိုယ်များနှင့် လေယာဉ် အပျက်အစီးများအား ရှာတွေ့ခဲ့ကြောင်း ကယ်ဆယ်ရေးသမားများက ဒီဇင်ဘာလ ၄ ရက်က ပြောကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ မုံးကိုးမြို့တွင်း တပ်မတော်နှင့် KIA၊TNLA၊ MNDAAနှင့်AA လက်နက်ကိုင် ပူးပေါင်းအဖွဲ့တို့ ဆက်လက် တိုက်ပွဲဖြစ်ပွားနေကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) စမ်းချောင်းမြို့နယ်၊ မြေနီကုန်း မြောက်ရပ်ကွက်၊ ရှမ်းကုန်းလမ်း၊ မြေညီထပ်ရှိ Money Changer ၌ လေပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ကာ ငွေများလုယူသူ နှစ်ဦးအား ရဲတပ်ဖွဲ့မှ စုံစမ်းရှာဖွေနေကြောင်း စမ်းချောင်းမြို့နယ် ရဲစခန်းထံမှ သိရသည်။
ဂျကာတာ၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်းရှိ နေရာအတော်များများတွင် ဒီဇင်ဘာလ ၄ ရက်က ပြင်းအား ရစ်ချ်တာစကေး ၆.၅ ရှိသော ငလျင် တစ်ခုလှုပ်ခဲ့ကြောင်း ဘူမိရူပ လုပ်ငန်းက ပြောကြားလိုက်သည်။