Connect with us

Social

YBS ယာဉ်လိုင်းစနစ်တွင် ပြေးဆွဲရန် ဘတ်စ်ကားအစီးရေ ၃ဝ ကို ထပ်မံထည့်သွင်းရန်စီစဉ်

YBS ယာဉ်လိုင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

YBS ယာဉ်လိုင်းစနစ်တွင် ပြေးဆွဲရန် ရန်ကုန်ဘတ်စ်ကား အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YBPC) က ဖေဖော်ဝါရီလမကုန်မီ ဘတ်စ်ကားအစီးရေ ၃ဝ ကို ထပ်မံထည့်သွင်းရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ထပ်မံပြေးဆွဲရန် စီစဉ်နေသည့် ဘတ်စ်ကားသစ်များသည် ဇန်နဝါရီလအတွင်းက ပြည်ပမှ တင်သွင်းရောက် ရှိလာခြင်းဖြစ်ပြီး လက်ရှိတွင် လိုအပ်သည့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကာ ယခုလမကုန်မီ ထည့်သွင်းပြေး ဆွဲနိုင်မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YBPC)သည် YBS ယာဉ်လိုင်းစနစ် မစတင်မီက BRTLite ယာဉ်များအဖြစ် ပြည်လမ်း၊ မြောက်ဥက္ကလာပနှင့် ကမ္ဘာအေးဘုရားလမ်းတို့တွင် လမ်းကြောင်းသုံးခုဖြင့် ပြေးဆွဲခဲ့ပြီး စနစ်သစ်၌ အမှတ် (၃၇) ဘတ်စ်ကားများအဖြစ် ထောက်ကြန့်မှ စံပြမှတ်တိုင်သို့ ပြောင်း လဲပြေးဆွဲနေကြောင်း သိရသည်။

အဆိုပါယာဉ်လိုင်းသည် ယာဉ်နောက်လိုက်မရှိဘဲ ကြိုတင်ငွေပေး ကတ်ဖြင့်သော် လည်းကောင်း၊ ပုံးအတွင်းသို့ ခရီးသည်ကိုယ်တိုင် ကျသင့်ငွေထည့်ခြင်းဖြင့် သော်လည်းကောင်း စီးနင်းနိုင်ရန် စီစဉ်ထားပြီး BRT- Lite ယာဉ်များအဖြစ် ပြေးဆွဲစဉ်က ခရီးသည်များ၏ ထောက်ခံမှုရရှိထားသော ယာဉ်လိုင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.