Connect with us

Politics, Law & Military

တောင်ဒဂုံမြို့နယ်တွင် တရားခံကို ပစ်ခတ်ဖမ်းဆီးမှုဖြစ်ပွား၊တရားခံ လွတ်မြောက်နေဆဲဟုဆို


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် ၂၀ ရပ်ကွက်အတွင်းယနေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ ညနေ ၅နာရီ၂၅ မိနစ်ခန့်တွင် တရားခံပြေးတစ်ဦးကို ရဲတပ်ဖွဲ့ဝင်များပစ်ခတ်ဖမ်းဆီးမှုဖြစ်ပွားခဲ့ပြီးလက်ရှိချိန်ထိ တရားခံ လွတ်မြောက်နေဆဲဖြစ်ကြောင်း တာဝန်ရှိ ရဲမှူးးတစ်ဦးက ဆင်ဟွာသို့ ပြောကြားသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၀)ရပ်ကွက်၊ လှော်ကားလမ်းနှင့် ဥဿဘုရားလမ်းဆုံအနီးရှိကားဝပ်ရှော့ တစ်ခုသို့ တရားခံသည် 5D-3753 ပါဂျဲရိုး အမျိုးအစား ခဲရောင်ယာဉ်ဖြင့် ရောက်ရှိနေကြောင်းသတင်းရသဖြင့်သွားရောက်ဖမ်းဆီးစဉ် အဆိုပါ တရားခံံပြေးဖြစ်သူမှ ရဲတပ်ဖွဲ့ဝင်များ၏မော်တော်ယာဉ်များကို၎င်းမောင်းနှင်သော မော်တော်ယာဉ်ဖြင့်တိုက်ပြီး ထွက်ပြေးစဉ် ရဲတပ်ဖွဲ့ဝင်များမှသေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီး ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။ “သေနတ်ပစ်ခတ်တာတော့ ဟုတ်ပါတယ်၊ တရားခံဘက်က ပြန်ပစ်မှုရှိလား ဘာလား သေချာမသိသေးပါဘူး၊ ခုလက်ရှိ တရားခံ ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေပါတယ်”ဟု တောင်ဒဂုံရဲစခန်းမှ တာဝန်ကျရဲတစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရဲတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ခဲ့စဉ် (ဓာတ်ပုံ- File Photo/Yangon Police)

အဆိုပါတရားခံပြေးမှာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းမယ(ပ)၁၃/၂၀၁၆၊မးူယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁/ကျင့် ၅၁၂၊ လမ်းမတော်မြို့မရဲစခန်း(ပ)၉/၂၀၁၆၊ရာဇသတ်ကြီးပုဒ်မ ၃၈၆/၃၂၃/၁၁၄/ကျင့် ၅၁၂အမှု မှ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ နဂါးလေး(ခ)အောင်နိုင်မြင့်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ တရားခံပြေး ထွက်ပြေးလွတ်မြောက်သွားခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များကဖမ်းဆီးရမိရေး အတွက် ၎င်းသွားလာနိုင်သည့်နေရာများ၊ မြို့အဝင်အထွက်ဂိတ်များ၊ စစ်ဆေးရေးဂိတ်များကို မြို့နယ်ရဲတပ်ဖွဲ့အချင်းချင်းချိတ်ဆက်ကာ လိုက်လံပိတ်ဆို့ဖမ်းဆီးလျက်ရှိ ကြောင်းသိရသည်။ (Xinhua)