Connect with us

Politics, Law & Military

မှုခင်းကြိုတင်ကာကွယ်ရေးအတွက် အထောက်အကူပြု ပစ္စည်းများ ဝယ်ယူရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရန်ပုံငွေချပေးမည်

လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ထိရောက်သော အထောက်အကူပြု ပစ္စည်းများ ၀ယ်ယူအသုံးပြုရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးပြုလုပ်နေစဉ်(ဓာတ်ပုံ-Yangon Police)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အသုံးပြုနိုင်ရန် ထိရောက်သော အထောက်အကူပြု ပစ္စည်းများ ဝယ်ယူအသုံးပြုရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခွင့်ပြုရန်ပုံငွေ ချပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အစည်းအဝေးခန်းမ (၁)၌ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၉ နာရီခွဲက ကျင်းပခဲ့သော ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကြိုတင်ကာကွယ်ရေး လုပ်ငန်းများ တွင်အသုံးပြုရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခွင့်ပြုရန်ပုံငွေချပေးမည်ဖြစ်သဖြင့် ၎င်းငွေအား အထောက်အကူ ပြုပစ္စည်းများ ဝယ်ယူအသုံးပြုရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရှိသည်။

အဆိုပါ အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်အတွက် ရဲတပ်ဖွဲ့နှင့် ရပ်ရွာနေပြည်သူများပူးပေါင်းဆောင်ရွက်သည့် ရပ်ရွာအခြေပြု ရဲလုပ်ငန်းစီမံချက် Community Based

Policing ကို ၂၀၁၆ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့တွင် ကနဦး ၄ မြို့နယ်ရွေးချယ် ၍ဆောင်ရွက်ခဲ့ပြီး ရလဒ်ကောင်းများရရှိခြင်းကြောင့် ယနေ့အချိန်ထိမြို့နယ် ၂၀ တို့တွင် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်က ပြောကြားသည်။

ယင်း စီမံချက်ဆောင်ရွက်နေသော မြို့နယ်များအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အထောက်

အကူပြုပစ္စည်းများ ဝယ်ယူအသုံးပြုရန် ရန်ပုံငွေချပေးမည်ဖြစ်သဖြင့် လုံခြုံရေးအတွက် ထိရောက်သော အထောက်အကူဖြစ်သည့် အရည်အသွေးကောင်းမွန်သော CCTV ကင်မရာများကို တပ်ဆင် အသုံးပြုပါက မှုခင်းကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုပါ အထောက်အကူပြုနိုင်ကြောင်း ၎င်းကဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.