ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ) မြန်မာ့သစ်လုပ်ငန်းအနေဖြင့် တောဆင်ရိုင်းများ ကျေးရွာများသို့ ဝင်ရောက်နှောင့်ယှက်ခြင်း၊ သီးနှံစိုက်ခင်းများ ဖျက်ဆီးခြင်းများ ဖြစ်ပေါ်လာပါက အထူးလေ့ကျင့်ထားသည့် အရေးပေါ် တောဆင်မောင်းအဖွဲ့ (Emergency Elephant Return Unit-EERU) ဖြင့်တောဆင်များကို မူလစားကျက်အတွင်း သို့ပြန်လည်စေလွှတ် ဆောင်ရွက်ပေးနေကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး...
ဒမက်စကက်စ်၊ မေ ၂၆ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း ရှိ ဧရိယာများတွင် မေလ ၂၅ ရက်က အမေရိကန်ဦးဆောင်သော လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အနည်းဆုံး လူ ၃၅ဦးသေဆုံးခဲ့ကြောင်း လေ့လာစောင့်ကြည့်ရေး အုပ်စု တစ်ခု က ဖော်ပြခဲ့သည်။
တိုကျို၊ မေ ၂၆ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အနောက်ပိုင်း အိုကာရာမမြို့ရှိ ကျည်ဆန်ရထား တစ်စင်းပေါ်တွင် မေလ ၂၆ ရက်က မဂ္ဂဇင်းတစ်စောင်ကို မီးရှို့ခဲ့သည့် ဂျပန်အဘိုးအို တစ်ဦးအား ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ကြောင်း ပြည်တွင်း မီဒီယာ တစ်ခု က ဖော်ပြခဲ့သည်။
မော်စကို၊ မေ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နှင့် ရုရှားနိုင်ငံတို့သည် နယ်ပယ်ကဏ္ဍအသီးသီး၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ ဆောင်ရွက်ရန် နှင့် နိုင်ငံတကာ အရေးကိစ္စများတွင် လည်း ချိတ်ဆက်ဆောင်ရွက်မှု မြှင့်တင်သွားရန် မေလ ၂၅ ရက်က သဘောတူခဲ့ကြောင်း သိရသည်။
ရီယို ဒီ ဂျနေရို၊ မေ ၂၆ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ မြောက်ပိုင်း Rio Grande de Norte ပြည်နယ် ရှိ အကျဉ်းထောင်တစ်ခုမှ အနည်းဆုံး အကျဉ်းသား ၈၉ဦးသည် မီတာ ၃၀အရှည်ရှိသော လိုဏ်ခေါင်းမှ တစ်ဆင့် ထွက်ပြေး လွတ်မြောက် သွားခဲ့ကြောင်း...