ဘီရှ်ကတ် ၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) ကာဂျစ္စတန် နိုင်ငံ ပို့ဆောင်ရေး ဝန်ကြီးဌာန က ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကာဂျစ္စတန် အပြည်ပြည်ဆိုင်ရာ ပို့ဆောင်ရေး ကုန်တင်ကားများသည် ကာဂျစ္စတန် နိုင်ငံ မြို့တော် ဘီရှ်ကတ် နှင့် နိုင်ငံ တောင်ပိုင်း မြို့ဖြစ်သည့်...
ရန်ကုန် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) နောက်လေးနှစ်တာကာလ အတွင်း မြန်မာနိုင်ငံ၏ များပြားသော လူငယ်ထုကြီးအတွက် အလုပ် အကိုင် နေရာသစ်ပေါင်း တစ်သန်းလိုအပ်မည် ဖြစ်ကြောင်း ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) ၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။
အန်ကာရာ၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ မြို့တော် အန်ကာရာမြို့ အာဏာပိုင်များက ဇန်နဝါရီ ၁၀ရက်မှ စ၍ လူစုလူဝေးပြုလုပ်ခြင်းအား တစ်လကြာတားမြစ်သွားမည်ဖြစ်ကြောင်း သမ္မတ၏အုပ်ချုပ်မှုစနစ်အတွင်း ဥပဒေပြောင်းလဲမှုအတွက် မဲခွဲဆုံးဖြတ်ပြီးနောက် ကြေညာခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဆေးရုံ ၇၂ ရုံမှ အရေးပေါ်ဌာနများကို ယခုနှစ်အတွင်း အဆင့်မြှင့်တင်ခြင်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနထံမှ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် နှင့် ဘီးလင်းမြို့နယ်ရှိ မုတ္တမ ပင်လယ်ကွေ့ ဒေသအား မြန်မာနိုင်ငံ၏ တတိယမြောက် ရေတိမ်ဒေသ အဖြစ် သတ်မှတ်ရန် မွန်ပြည်နယ် အစိုးရအဖွဲ့ က သဘောတူ လိုက်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ထံ ဆက်လက်တင်ပြ ထားကြောင်း...