Connect with us

Education & Health

ဆေးရုံ ၇၂ ရုံမှ အရေးပေါ်ဌာနများကို အဆင့်မြှင့်တင်မည်

ဆေးရုံတစ်ရုံ၌ လူနာကုသမှု အခန်းအားတွေ့ရစဉ်(ဓာတ်ပုံ- အင်တာနက်)

ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဆေးရုံ ၇၂ ရုံမှ အရေးပေါ်ဌာနများကို ယခုနှစ်အတွင်း အဆင့်မြှင့်တင်ခြင်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနထံမှ သိရသည်။

ယင်းဆေးရုံများ၌ ဆေးပစ္စည်းနှင့် စက်ကိရိယာများ လုံလောက်စွာရှိရေးအတွက် ဆေးပစ္စည်းနှင့် စက်ပစ္စည်း ကိရိယာများ ဝယ်ယူ ရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး လက်ရှိတွင် ယင်းလုပ်ငန်းများလုပ်ဆောင်နိုင်ရန် တင်ဒါခေါ်ယူ ထားပြီဖြစ်သည်။

အရေးပေါ်ဌာနများကိုအဆင့်မြှင့်တင်ရာတွင် အဓိကအနေဖြင့် လှည်းကူး၊တောင်ငူ၊ ဖြူး၊ မိတ္ထီလာ အပါအဝင် တခြားမြို့များရှိ ဆေးရုံများကိုလည်း အဆင့်မြှင့်တင်သွားမည်ဖြစ်သည်။

လက်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ အရေးပေါ်ဌာနများ အပါအဝင် ဌာနတချို့ကို အဆင့်မြှင့်တင်မှုများ ပြုလုပ်ထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.