Connect with us

Politics, Law & Military

မြန်မာလူငယ်ထု အတွက် အလုပ် အကိုင် နေရာသစ်ပေါင်း တစ်သန်း နောက်လေးနှစ်တာကာလ အတွင်း လိုအပ်

အထည်ချုပ် လုပ်ငန်းခွင် အတွင်း လုပ်ကိုင်နေကြသူများအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ)

နောက်လေးနှစ်တာကာလ အတွင်း မြန်မာနိုင်ငံ၏ များပြားသော လူငယ်ထုကြီးအတွက် အလုပ် အကိုင် နေရာသစ်ပေါင်း တစ်သန်းလိုအပ်မည် ဖြစ်ကြောင်း ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) ၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

အသစ်ထွက်ရှိလာသည့် သန်းခေါင် စာရင်းအစီရင်ခံစာအရ မြန်မာ့လူဦးရေ တွင် လူငယ်အများစုဖြစ်နေကြကြောင်း ၊ မြန်မာနိုင်ငံ အနေဖြင့် လူဦးရေ ဆိုင်ရာအကျိုးအမြတ်ကို အထိုက် အလျောက် ရရှိခံစားရနိုင်သော်လည်း ထိုသို့ ဖြစ်လာစေရန်မှာ လူငယ်များသည် မိသားစုစီမံကိန်းများချမှတ်ရာတွင် ပိုမို ပါဝင်ခွင့်ရရှိရေး၊ ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှုများကို ပိုမိုလက်လှမ်း မီစေရေး၊ မသင်မနေရ ပညာရေးစနစ်ကို လက်လှမ်းမီစေရေး၊ အသက်မွေးဝမ်း ကျောင်းပညာရပ်များ ပိုမိုသင်ယူခွင့် ရရှိရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေနိုင်သည့် စီးပွားရေးအခြေ အနေများရရှိစေရေး စသည့် အခွင့် အလမ်းများ ကို ဆောင်ကြဉ်းပေးရမည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ လူငယ်များအတွက် ရည်ရွယ်ချမှတ်ရေးဆွဲထားသည့် မူဝါဒ များ၊ ပါဝင် ဆောင်ရွက်ပေးမှုများ လိုအပ်နေကြောင်း ၊ ၂ဝ၁၆ ခုနှစ်မှ၂ဝ၃ဝ ပြည့်နှစ် အထိကာလအတွင်း လက်ရှိလုပ်သား အင်အားပမာဏ အတိုင်း ရှိနေစေရန် အလုပ်အကိုင်နေရာအသစ် ၃ ဒသမ ၇ သန်း လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး တွင် အမျိုးသမီးများသည်လည်း မရှိ မဖြစ်အရေးပါကြကြောင်း ၊ လက်ရှိအခြေ အနေတွင် မြန်မာအမျိုးသမီးဦးရေ စုစုပေါင်း၏ ၅ဝ. ၅ ရာခိုင်နှုန်း မျှသာ အလုပ်လုပ်ကိုင်နေကြသည် ကို တွေ့ရှိ ရကြောင်း ၊ ယခုထွက်ရှိ လာသည့် သန်းခေါင်စာရင်း အစီရင်ခံစာအသစ်ပါ အချက်အလက် များအရ အမျိုးသမီးလုပ်သားဦးရေ များပြားလာလေလေ နိုင်ငံ၏ လူတစ်ဦးချင်း ဝင်ငွေပမာဏတစ်ဟုန်ထိုး တိုးတက် လာလေလေဖြစ်လာမည်ကို တွေ့ရှိကြ ရကြောင်း UNFPA ၏ ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.