Connect with us

Culture & Entertainment

မုတ္တမ ပင်လယ်ကွေ့ ဒေသအား မြန်မာနိုင်ငံ၏ တတိယမြောက် ရေတိမ်ဒေသ အဖြစ် သတ်မှတ်ရန် ပြည်ထောင်စု အစိုးရအဖွဲ့ထံတင်ပြထား

မုတ္တမ ပင်လယ်ကွေ့ ဒေသအား တွေ့ရစဉ် (ဓာတ်ပုံ--မြဝတီ)

ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် နှင့် ဘီးလင်းမြို့နယ်ရှိ မုတ္တမ ပင်လယ်ကွေ့ ဒေသအား မြန်မာနိုင်ငံ၏ တတိယမြောက် ရေတိမ်ဒေသ အဖြစ် သတ်မှတ်ရန် မွန်ပြည်နယ် အစိုးရအဖွဲ့ က သဘောတူ လိုက်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ထံ ဆက်လက်တင်ပြ ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

အဆိုပါ သဘော တူညီချက်ကို ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ကျင်းပသည့် မွန်ပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ သဘောတူခဲ့ခြင်း ဖြစ်ပြီး ဇန်နဝါရီ ၉ ရက်တွင် ပြည်ထောင်စု အစိုးရအဖွဲ့ထံ သဘောတူသည့် အကြောင်းကြားစာ ပေးပို့တင်ပြ ထားကြောင်း သိရသည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ မြေဧက ၁၈၉၃ဝ ဧကနှင့် ဘီးလင်းမြို့နယ်ရှိ မြေဧက ၃၄၅၈ဝ ဧကကို မုတ္တမ ပင်လယ်ကွေ့ ရေတိမ်ဒေသ အဖြစ် သတ်မှတ် သွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် သစ်တောဦးစီးဌာန

မှတ်တမ်းများအရ သိရသည်။

မြန်မာနိုင်ငံတွင် ရေတိမ်ဒေသ အဖြစ် ၂ဝဝ၄ ခုနှစ်က ပဲခူးတိုင်း ဒေသကြီးရှိ မိုးယွန်းကြီးအင်း၊ ၂ဝ၁၅ ခုနှစ်တွင် ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးကန် တို့ သတ်မှတ်ခံခဲ့ရပြီး ဆွစ်ဇာလန် အစိုးရ၏ ထောက်ပံ့မှုဖြင့် ရေတိမ်ဒေသ ဖော်ထုတ်ပြီးစီး ခဲ့သည့် ဒေသများမှာ ထိုင်းနိုင်ငံတွင် ၁၄ နေရာ၊ ကမ္ဘောဒီးယား နိုင်ငံတွင် လေးနေရာ၊ ဗီယက်နမ်နိုင်ငံ တွင် ရှစ်နေရာနှင့် လာအိုနိုင်ငံတွင် နှစ်နေရာ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.