နယူးဒေလီ၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တွင် လေထုညစ်ညမ်းမှုအဆင့် မြင့်တက်လာခြင်းကြောင့် မော်တော်ယာဉ်များသွားလာမှုနှင့် ဆောက်လုပ်ရေးလုပ်ငန်းများဆိုင်ရာ ကန့်သတ်ချက်များကို ထပ်မံ၍ ချမှတ်ခဲ့ကြောင်း သိရသည်။
ရှန်ဟိုင်း၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် အမေရိကန်ကားထုတ်လုပ်ရေး Tesla Inc. ၏ စက်ရုံသစ်စီမံကိန်းကြီးကို တရားဝင် စတင်ပြီဖြစ်ကြောင်းနှင့် ယင်းစက်ရုံက တစ်နှစ်လျှင် Megapack အခုရေ ၁၀,၀၀၀ ထုတ်လုပ်နိုင်စွမ်းရှိကြောင်း ကုမ္ပဏီက ကြေညာခဲ့သည်။
ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ဂါဇာဒေသအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပေးရာတွင် အစ္စရေးတို့၏ ထိုးစစ်ဆင်မှုက ကြီးမားသည့် အတားအဆီးများကို ဖြစ်ပေါ်စေကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် ဒီဇင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua) ————————— Israel creates massive...
ပေကျင်း၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်သည် စတုတ္ထအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) ခေါင်းဆောင်များအစည်းအဝေးကို ဒီဇင်ဘာ ၂၅ ရက်တွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် တက်ရောက်မည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ဒီဇင်ဘာ ၂၂ ရက်၌ ကြေညာခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ရှင်သာမဏေဓမ္မဗိမာန်သာသနာ့ဝန်ဆောင်အဖွဲ့ကကျင်းပသော ၃၅ ကြိမ်မြောက် သာသနာ့ဝန်ဆောင် သာမဏေကျော်စာတော်ပြန်စာမေးပွဲသို့ ကြွရောက်လာသည့် သာမဏေများကို ဒီဇင်ဘာလ ၂၃ ရက်က ရိုက်ကူးထားခြင်း ဖြစ်သည်။ (Xinhua)