ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အမြဲတစေပြတ်သားစွာထောက်ခံအားပေးကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က သတင်းထောက်၏ မေးမြန်းချက်ကိုဖြေကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ယနေ့ဒီဇင်ဘာ ၁၄ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။ မြန်မာနိုင်ငံ မြောက်ပိုင်းအရေးနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြီးနောက် သတင်းထောက်က အောက်ပါအတိုင်းမေးမြန်းခဲ့သည်။...
ဂါဇာ၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) ကုလသမဂ္ဂအထွေထွေညီလာခံက ဂါဇာဒေသတွင် ချက်ချင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး တောင်းဆိုထားသည့် ဆုံးဖြတ်ချက်အား ချမှတ်ထားပြီး ဖြစ်သော်လည်း ဒီဇင်ဘာ ၁၃ ရက်တွင် ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးစစ်တပ်က အပြင်းအထန် လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်စစ်ဆင်ရေးတို့အား ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) ယခုဆောင်းရာသီတွင် အင်းလေးကန်ရမ်ဆာရပ်ဝန်းဒေသ၌ ဆောင်းခိုငှက် မျိုးစိတ်(၃၄) မျိုး ဝင်ရောက် ကျက်စားလျက်ရှိပြီး ယင်းအနက် ကမ္ဘာ့ရှားပါးဆောင်းခိုငှက်မျိုးစိတ်ငါးမျိုး ပါဝင်နေကြောင်း အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှ အုပ်ချုပ်ရေးမှူး ဦးတင်မြစိုးက ဆင်ဟွာသို့ ယနေ့ ဒီဇင်ဘာ ၁၄ ရက်တွင်ပြောသည်။
ဟနွိုင်း၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်-ဗီယက်နမ် ဆက်ဆံရေးသည် နိုင်ငံရေးအပြန်အလှန်ယုံကြည်မှု ပိုမိုမြင့်မားသော၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာသော၊ အပြန်အလှန် အကျိုးကျေးဇူးရှိသည့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းသော၊ လူထုထောက်ခံမှု ပိုမိုအားကောင်းသော၊ နိုင်ငံစုံညှိနှိုင်းဆောင်ရွက်မှု ပိုမိုနီးကပ်သော၊ မတူကွဲပြားမှုများကို ကိုင်တွယ်မှု ပိုမိုကောင်းမွန်သော စင်မြင့်သစ်ဆီသို့ ဝင်ရောက်လာမည်ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ...
ဟနွိုင်း၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် ပုံမှန်နှင့် ပုံမှန်မဟုတ်သော လုံခြုံရေးနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန် ဒီဇင်ဘာ ၁၃ ရက်က သဘောတူခဲ့ကြကြောင်း သိရသည်။