ကျိုချွမ်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Zhuque-2 Y-3 သယ်ဆောင်ရေးဒုံးပျံကို အာကာသအတွင်းသို့ ဒီဇင်ဘာ ၉ ရက်တွင် အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံက ဂါဇာဒေသ၌ ချက်ချင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ချက်ချင်းအပစ်အခတ်ရပ်စဲရေး တောင်းဆိုထားသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အား ဒီဇင်ဘာ ၈ ရက်တွင် ဗီတိုအာဏာသုံး၍ ပယ်ချခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၈ လတာကာလအတွင်း ပဲနှင့် ပဲမျိုးစုံ တန်ချိန် ၁.၀၅ သန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ဒီဇင်ဘာ ၉ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။
မော်စကို၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာတီမာ ပူတင်က ၎င်းအနေဖြင့် လာမည့်နှစ်တွင် ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသည်ဟု ဒီဇင်ဘာ ၈ ရက်၌ အတည်ပြုခဲ့ကြောင်း ကရင်မလင်နန်းတော်က ပြောကြားခဲ့သည်။
ခါတွမ်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ဆူဒန်နိုင်ငံတွင် ဧပြီလလယ်ပိုင်းမှစတင်ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်ကြောင့် လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်း ၃,၀၀၀ ကျော်မှာ နိုင်ငံအတွင်း လုပ်ငန်းလည်ပတ်မှု လုံးဝရပ်ဆိုင်းခဲ့ရကြောင်း ဆူဒန်နိုင်ငံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကော်မရှင်၏ ဒီဇင်ဘာ ၈ ရက်၌ ပြောကြားချက်အား ကိုးကား၍ SUNA သတင်းအေဂျင်စီက...