ဒါကာ၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာ၏ အရှေ့မြောက်ဘက် ၁၁၇ ကီလိုမီတာခန့်အကွာတွင် ရထားနှစ်စင်း တိုက်မိခြင်းကြောင့် လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ခရိုင်ရဲမှူး Md Mostak Sarker က ဆင်ဟွာသို့ ပြောခဲ့သည်။
ပေကျင်း၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ကြီး Riyad Al-Maliki နှင့် အောက်တိုဘာ ၂၃ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။ Riyad Al-Maliki က ပါလက်စတိုင်း၏ ရပ်တည်ချက်ကို ပြောကြားခဲ့ပြီး တရုတ်နိုင်ငံ၏...
ကိုလံဘို၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ အစိုးရအဖွဲ့က နိုင်ငံ ၇ နိုင်ငံမှ နိုင်ငံသားများအတွက် ဗီဇာကင်းလွတ်ခွင့်ပေးမည့် အဆိုပြုချက်ကို ခွင့်ပြုခဲ့ကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး ဟာရင် ဖာနန်ဒိုက အောက်တိုဘာ ၂၃ ရက် ညပိုင်းက ပြောခဲ့သည်။ အစိုးရအဖွဲ့အနေဖြင့် အိန္ဒိယ၊ တရုတ်၊...
ဂျေရုဆလမ်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသအပေါ် အစ္စရေးစစ်တပ်၏ မြေပြင်ထိုးစစ်သည် သုံးလ ကြာမြင့်နိုင်သည်ဟု အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Gallant က အောက်တိုဘာ ၂၂ ရက်တွင် ပြောကြားခဲ့ကြောင်း အစ္စရေးမီဒီယာများ၏ သတင်းများအရ သိရသည်။ ပါလက်စတိုင်း အစ္စလာမ်တော်လှန်ရေးလှုပ်ရှားမှု ဟားမက်စ်အဖွဲ့ကို အောင်မြင်စွာ...
ဟာအယ်ပင်း၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အကြီးဆုံး ကမ်းလွန်ရေနံလုပ်ကွက်ဖြစ်သော တာ့ချင့်ရေနံလုပ်ကွက်က ယခုနှစ် ပထမသုံးလပတ်အတွင်း ရေနံစိမ်း တန်ချိန် ၂၂.၆၁ သန်းခန့်နှင့် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၄.၂၅ ဘီလီယံခန့် ထုတ်လုပ်ခဲ့ကြောင်း China National Petroleum Corporation ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့်...