ပေကျင်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှမန်လေကြောင်းလိုင်းက ပေကျင်းမြို့နှင့် ကာတာနိုင်ငံ မြို့တော် ဒိုဟာကြား တိုက်ရိုက်လေကြောင်းခရီးစဉ်ကို အောက်တိုဘာ ၂၀ ရက်တွင် စတင်ဖွင့်လှစ်လိုက်ရာ တရုတ်-ကာတာ လမ်းကြောင်း၌ ပထမဆုံးပြေးဆွဲသော လေကြောင်းလိုင်းဖြစ်လာခဲ့သည်။
ပေကျင်း၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ (CPC) အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်သည် တတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ “ရပ်ဝန်းနှင့်ပိုးလမ်းမ” ထိပ်သီးအစည်းအဝေးသို့ တက်ရောက်၍ အလုပ်သဘောအလည်အပတ်ခရီးစဉ် လာရောက်သည့် လာအို ပြည်သူ့တော်လှန်ရေးပါတီ (LPRP) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ လာအိုနိုင်ငံသမ္မတ Thongloun Sisoulith...
ထားဝယ်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်တွင် တည်ရှိသော မောင်းမကန်ကမ်းခြေတွင် လာရောက်အပန်းဖြေကြသူများကို ဖော်ပြပါဗီဒီယိုဖိုင်၌ ကြည့်ရှုနိုင်ပါသည်။ (Xinhua)
စစ်တွေ၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) စစ်တွေမြို့ရှိ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးတွင် ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရသေးသော အသက် ၁ နှစ်မှ ၅ နှစ်အရွယ် ကလေးငယ်များကို catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးလျက်ရှိကြောင်း သိရသည်။ (Xinhua)
ရာဖာ၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) ဂါဇာဒေသတွင် လွန်ခဲ့သောနှစ်ပေါင်း ၁,၆၀၀ အကြာကတည်ဆောက်ထားသောကမ္ဘာ့သက်တမ်းအရင့်ဆုံးဘုရားကျောင်းများအနက် တစ်ခုဖြစ်သည့် Saint Porphyrius Greek Orthodox ဘုရားကျောင်းရှိအဆောက်အအုံတစ်ခုအားအစ္စရေးကဗုံးကျဲခဲ့ကြောင်း၊ ထိုဘုရားကျောင်းတွင် ပါလက်စတိုင်း ၅၀၀ ကျော် ခိုလှုံလျက်ရှိသလိုအစ္စရေး၊ ဟားမက်စ်နှင့် ဟစ်ဇ်ဘိုလာတို့ကအပြန်အလှန်ပစ်ခတ်လျက်ရှိကြောင်းသိရသည်။ ဂါဇာဒေသရာဖာနယ်စပ်ဖြတ်ကျော်လမ်းတွင် ရောက်ရှိနေသောဆင်ဟွာသတင်းထောက် Ahmed Gomaa...