ဂျေရုဆလမ်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) လက်ရှိဖြစ်ပွားနေသောအစ္စရေးနှင့် ဟားမက်စ်အဖွဲ့ကြားပဋိပက္ခအတွင်းဗြိတိန်အနေဖြင့် အစ္စရေးကိုထောက်ခံကြောင်းအစ္စရေးနိုင်ငံ၌ ရောက်ရှိနေသောဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူနက်ခ်ကအောက်တိုဘာ ၁၉ ရက်တွင် ကတိပြုခဲ့သည်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် တွေ့ဆုံပြီးနောက် ဆူနက်ခ်က ၎င်းအနေဖြင့် “မိတ်ဆွေ” အဖြစ် အစ္စရေးနိုင်ငံနှင့် ရပ်တည်လျက်ရှိသလိုအစ္စရေးက “စစ်ပွဲကိုအောင်နိုင်မည်” ဟု မျှော်လင့်ကြောင်းသတင်းထောက်များကိုပြောကြားခဲ့သည်။...
ရာဖာ၊အီဂျစ်၊အောက်တိုဘာ၂၁ရက် (ဆင်ဟွာ) ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်သည်ပိတ်ဆို့ခံထားရသောပါလက်စတိုင်းနယ်မြေအတွင်းလိုအပ်နေသောအကူအညီပစ္စည်းများပို့ဆောင်နိုင်ရန်နယ်စပ်ဖြတ်ကျော်လမ်းဖွင့်လှစ်ပေးရေးမျှော်လင့်လျက်ဂါဇာနှင့်ထိစပ်နေသောရာဖာနယ်စပ်ဖြတ်ကျော်လမ်းအီဂျစ်နိုင်ငံဘက်ခြမ်းသို့အောက်တိုဘာ၂၀ရက်ကသွားရောက်လေ့လာခဲ့ကြောင်းသိရသည်။ အီဂျစ်နိုင်ငံနှင့်ဂါဇာကမ်းမြောင်ဒေသကြားတစ်ခုတည်းသောဖြတ်ကျော်စခန်းဖြစ်သည့်ရာဖာနယ်စပ်ဖြတ်ကျော်လမ်းနေရာတွင်အစားအစာနှင့်ဆေးဝါးများတင်ဆောင်ထားသောမော်တော်ယာဉ်တန်းကြီးသည် “(ပါလက်စတိုင်း) ပြည်သူတွေအတွက်အသက်ရှင်ခြင်းနှင့်သေဆုံးခြင်းကြားကပြောင်းလဲမှုပါပဲ”ဟုဂူတာရက်စ်ကပြောခဲ့သည်။ “ဒီထရပ်ကားတွေဖြစ်နိုင်သမျှအမြန်ဆုံးဝင်ရောက်နိုင်ဖို့လုံးဝလိုအပ်နေပါတယ်။ဂါဇာပြည်သူတွေအတွက်လုံလောက်တဲ့ပံ့ပိုးမှုတွေပေးဖို့နေ့စဉ်ဂါဇာဒေသထဲဝင်ရောက်ဖို့လိုအပ်ပါတယ်”ဟုကုလသမဂ္ဂအကြီးအကဲကဖြည့်စွက်ပြောခဲ့သည်။ ဂူတာရက်စ်သည်သတင်းစာရှင်းလင်းပွဲမတိုင်မီဂါဇာဒေသသို့ဝင်ရောက်ရန်ရာဖာနယ်စပ်ဖြတ်ကျော်လမ်း၌ရက်ပေါင်းများစွာစောင့်ဆိုင်းနေသည့်အကူအညီပေးရေးယာဉ်တန်းကိုစစ်ဆေးခဲ့သည်။ လူသားချင်းစာနာမှုအကူအညီ ၊ဆေးဝါးအကူအညီအစားအစာနှင့်စောင်များတင်ဆောင်ထားသောထရပ်ကား၁၇၅စီးသည်အစ္စရေးဘက်မှတားမြစ်ထားခြင်းကြောင့်ဂါဇာအတွင်းဝင်ရောက်ရန်နယ်စပ်ဖြတ်ကျော်လမ်းအနီးတန်းစီ၍စောင့်ဆိုင်းနေကြကြောင်းသိရသည်။ (Xinhua) ……………………………… (English Version) UN chief visits Rafah crossing as aid convoy waits to enter Gaza...
ပေကျင်း၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် တတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာရပ်ဝန်းနှင့် ပိုးလမ်းမဖိုရမ် တက်ရောက်ရန် ပေကျင်းမြို့သို့ ရောက်ရှိလာသောကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်မန်နက်နှင့် အောက်တိုဘာ ၁၉ ရက်၌ တွေ့ဆုံခဲ့ကြောင်းသိရသည်။ တရုတ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် လွန်ခဲ့သော ၆၅ နှစ်အကြာကသံတမန်ဆက်ဆံရေးထူထောင်ခဲ့ချိန်မှစ၍ သာတူညီမျှမှုနှင့် အပြန်အလှန် အကျိုးကျေးဇူးရှိမှုပေါ် အခြေခံ၍...
ဂါဇာ/ဂျေရုဆလမ်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှု (ဟားမက်စ်) စစ်တပ်၊ Al-Qassam တပ်ဖွဲ့က ကာတာနိုင်ငံ၏ ကြိုးပမ်းပေးမှုများကို တုံ့ပြန်သောအားဖြင့်လည်းကောင်း၊ “လူသားချင်းစာနာထောက်ထားမှု” ကြောင့် လည်းကောင်း အမေရိကန် ဓားစာခံနှစ်ဦးကို လွှတ်ပေးခဲ့ကြောင်း အောက်တိုဘာ ၂၀ ရက် ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။...
ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် ၂၀၂၃ ခုနှစ် သီတင်းကျွတ်မီးထွန်းပွဲတော်ကို အောက်တိုဘာ ၂၇ ရက်မှ အောက်တိုဘာ ၃၀ ရက်အထိ ၄ ရက်ကြာ ပျော်ပွဲရွှင်ပွဲများဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က ဆင်ဟွာသို့ ယနေ့အောက်တိုဘာ...