ကန်ဘာရာ၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) ဩစတြေးလျနိုင်ငံ အစိုးရက အစ္စရေးနိုင်ငံတွင် သောင်တင်နေသော ၎င်းတို့၏နိုင်ငံသားများကို ပြန်လည်ခေါ်ဆောင်ရေး လေကြောင်းခရီးစဉ်များ ပြေးဆွဲပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ဩစတြေးလျနိုင်ငံပိုင် Qantas လေကြောင်းလိုင်းအနေဖြင့် အဆိုပါဒေသရှိ ၎င်းတို့နိုင်ငံသားများကို တဲလ်အဗီးမြို့မှ လန်ဒန်သို့ လေယာဉ်နှစ်စင်းဖြင့် ပြေးဆွဲပေးမည်ဖြစ်ကြောင်း ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Penny...
ဂျေရုဆလမ် ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် ကာကွယ်ရေးဝန်ကြီးဟောင်း ၊ အတိုက်အခံခေါင်းဆောင် Benny Gantz တို့က အရေးပေါ်ညီညွှတ်ရေးအစိုးရအဖွဲ့နှင့် စစ်ပွဲကာလအစိုးရတစ်ရပ် ဖွဲ့စည်းကြောင်း ပူးတွဲကြေညာချက်တစ်ရပ်အား အောက်တိုဘာ ၁၁ ရက်တွင် ကြေညာခဲ့သည်။ အဆိုပါသဘောတူညီချက်တွင် စစ်ပွဲကာလအစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်နေတန်ယာဟု ၊...
ဂျေရုဆလမ်/ဂါဇာ၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) လွန်ခဲ့သောသီတင်းပတ်ကုန်တွင် ဟားမက်စ်များက အစ္စရေးအား ရုတ်တရက်တိုက်ခိုက်ခဲ့သလို အစ္စရေးကလည်း ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းနေရာများကို တန်ပြန်လေကြောင်းတိုက်ခိုက်ခဲ့ခြင်းများကြောင့် ဖြစ်ပွားလာသော ကြောက်မက်ဖွယ် ပဋိပက္ခများကို ကြီးကြပ်ကွပ်ကဲရန် အစ္စရေးနိုင်ငံက ညီညွတ်ရေးအစိုးရတစ်ရပ်နှင့် စစ်ပွဲကာလအစိုးရအဖွဲ့တစ်ရပ်ကို အောက်တိုဘာ ၁၁ ရက်၌ ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ အဆိုပါ...
ကုလသမဂ္ဂ၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) လက်ရှိဖြစ်ပွားနေသည့် အစ္စရေး-ပါလက်စတိုင်းတိုက်ပွဲ ပြန့်နှံလာခြင်းအား ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က အောက်တိုဘာ ၁၁ ရက်တွင် သတိပေးပြောကြားခဲ့ကြောင်း သိရသည်။ အီဂျစ်နှင့် ဂါဇာကမ်းမြောင်ဒေသတို့အကြား တစ်ခုတည်းသော ဖြတ်ကျော်နေရာဖြစ်သည့် Rafah မှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝင်ရောက်ခွင့် လွယ်ကူချောမွေ့စေခြင်းနှင့် အရေးပါသောအကူအညီများ...
ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ အထိ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှု ၃,၆၃၄ မှုဖြစ်ပွား၍ လူ ၁,၈၆၄ ဦး သေဆုံးခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ အောက်တိုဘာ ၁၀ ရက်...