ပေကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အမေရိကန်နိုင်ငံ အထက်လွှတ်တော် အများစု ခေါင်းဆောင် Chuck Schumer ဦးဆောင်သော အထက်လွှတ်တော် ပါတီနှစ်ရပ် ကိုယ်စားလှယ်အဖွဲ့နှင့် အောက်တိုဘာ ၉ ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံခဲ့သည်။
ကင်မရွန်းနိုင်ငံ၌ မြေပြိုမှုကြောင့် သေဆုံးသူဦးရေ ၃၀ ထိ မြင့်တက် ၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေ ယာအွန်ဒီ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ကင်မရွန်းနိုင်ငံ မြို့တော် ယာအွန်ဒီ၌ အောက်တိုဘာ ၈ ရက်တွင် လူနေအိမ်များနှင့် အဆောက်အဦများ နှစ်မြုပ်သွားခဲ့သည့် မြေပြိုမှုများ ဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးသမားများက...
ဝူဟန့်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သော မြစ်ကျဉ်းသုံးသွယ်ရေကာတာ၏ ရေပြင်ညှိဆည်မှတစ်ဆင့် ကုန်စည်ဖြတ်သန်းစီးဆင်းမှုမှာ ယခုနှစ် ပထမသုံးလပတ်အတွင်း တန်ချိန် ၁၂၇ သန်းရှိခဲ့ရာ ယမန်နှစ် အလားတူကာလထက် ၁၀.၀၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အောက်တိုဘာ ၈ ရက် အချက်အလက်များ၌ ဖော်ပြထားသည်။
ကုလသမဂ္ဂ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား အကြမ်းဖက်မှု အဆိုးသံသရာ အဆုံးသတ်ရေးအတွက် အောက်တိုဘာ ၉ ရက်တွင် တောင်းဆိုခဲ့ကြောင်း သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ အထက်လွှတ်တော် အများစု ခေါင်းဆောင် Chuck Schumer ဦးဆောင်သည့် အထက်လွှတ်တော် ပါတီနှစ်ရပ် ကိုယ်စားလှယ်အဖွဲ့နှင့် အောက်တိုဘာ ၉ ရက် ညနေပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။