အာဖဂန် ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ဟာရတ်ပြည်နယ်နှင့် အခြားအနောက်ပိုင်းပြည်နယ်များတွင် မြေငလျင်လှုပ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် လူ ၁၂၀ ဦးထက်မနည်း သေဆုံးကာ အခြားသူ ၁,၀၀၀ ဝန်းကျင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
ပေကျင်း ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) တရုတ်စူးစမ်းလေ့လာရေးအဖွဲ့သည် ကျောက်တုံးနမူနာများ စုဆောင်းခြင်းမှတစ်ဆင့် ဟိမဝန္တာတောင်တန်း၏ ဖွဲ့စည်းဖြစ်ပေါ်မှုအားလုံးကို လေ့လာရန် ကမ္ဘာ့ဆဋ္ဌမမြောက်အမြင့်ဆုံးတောင်ထွတ်ဖြစ်သည့် Cho Oyu တောင်ထိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ (Xinhua) #China #Scientists #Himalayas #တရုတ်နိုင်ငံ #သိပ္ပံပညာရှင် #ဟိမဝန္တာတောင်တန်း ———————- Chinese...
ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမခြောက်လနီးပါးကာလအတွင်း ပဲတီစိမ်း ၂၃၉,၁၉၁ တန်ကျော် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၆၁ သန်းကျော် ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အောက်တိုဘာ ၆ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း (YGEA) က မြန်မာ့ရွှေရည်ညွှန်းစျေးကို အောက်တိုဘာ ၇ ရက်မှစပြီး ဗဟိုဘဏ်လေလံစျေးဖြစ်သော အမေရိကန်တစ်ဒေါ်လာ ကျပ်၂,၉၀၀ ကျော်နှင့် ပြောင်းလဲတွက်ချက်၍ ထုတ်ပြန်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဆင်ဟွာသို့ ယနေ့အောက်တိုဘာ ၈ ရက်တွင်ပြောသည်။
ဂါဇာ ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) အစ္စရေး-ပါလက်စတိုင်းတိုက်ပွဲက ယခုသီတင်းပတ်၌ ပြင်းထန်လာခဲ့ပြီး နှစ်ဘက်လုံးတွင် ထိခိုက်သေဆုံးမှုများ သိသိသာသာ များပြားလာခဲ့ကြောင်း သိရသည်။