ကျိုက်မရော၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ဇူလိုင် ၂၃ ရက်မှစတင်ကာ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး အတ္တရံမြစ်ရေ မြင့်တက်လာသဖြင့် ကမ်းနားလမ်းနှင့် ရှင်စောပုရပ်ကွက်အတွင်းရှိ အနိမ့်ပိုင်းနေရာများရှိ အိမ်များအတွင်းသို့ ရေများဝင်ရောက်နေကြောင်းသိရသည်။ အဆိုပါ ရေများစတင်ဝင်ရောက်နေသော နေရာများရှိ နေအိမ်များ၌ ပစ္စည်းများကို အခြားမြင့်ရာနေရာများနှင့်...
ပေကျင်း၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံရှိ ပင်လယ်ဝါ-ပေါဟိုင်ပင်လယ်ကွေ့ ကမ်းရိုးတန်းလျှောက်ရှိ ရွှေ့ပြောင်းငှက်ဘေးမဲ့တော နေရာ ၅ ခုအား ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ထည့်သွင်းခြင်း အကဲဖြတ်လုပ်ငန်းကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆုံးဖြတ်ချက်ကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင်...
အဒစ်အာဘာဘာ၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) အီသီယိုးပီးယားနိုင်ငံ တောင်ပိုင်း၌ ဖြစ်ပွားခဲ့သည့် မြေပြိုမှုအတွင်း သေဆုံးသူအရေအတွက် ၅၀၀ ခန့်အထိ ရှိလာနိုင်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံးက ယမန်နေ့တွင် သတိပေးပြောကြားခဲ့သည်ဟု သိရသည်။ လက်ရှိအချိန်အထိ ၎င်းသဘာဝဘေးကြောင့် သေဆုံးသူ အရေအတွက် ၂၅၇ ဦး အထိရှိလာပြီး...
ကိုလံဘို၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲကို စက်တင်ဘာ ၂၁ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၂၆ ရက်၌ ကြေညာသည်။ သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းတင်သွင်းမည့်ရက်ကို ဩဂုတ် ၁၅ ရက်အဖြစ် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာသည်။ လက်ရှိနိုင်ငံတော်သမ္မတ၏...
ပေကျင်း၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) ရှန်ကျိုး-၁၇ လူလိုက်ပါသော အာကာသမစ်ရှင်မှ တရုတ်အာကာသယာဉ်မှူးသုံးဦးသည် တရုတ်နိုင်ငံ၏ အာကာသစူးစမ်းလေ့လာမှုများ၌ တာဝန်ထမ်းဆောင်ခြင်းအတွက် ဆုတံဆိပ်များ ချီးမြှင့်ခြင်းခံခဲ့ရကြောင်း သိရသည်။ အာကာသယာဉ်မှူး ထန်းဟုန်ပေါသည် ဒုတိယအဆင့် အာကာသဆိုင်ရာ အောင်မြင်မှုဆုတံဆိပ်ဖြင့် ဂုဏ်ပြုခြင်းခံခဲ့ရသလို ထန်းစိန့်ကျယ်နှင့် ကျန်းရှင်းလျင်တို့က တတိယအဆင့်ဆုတံဆိပ်များနှင့် “အာကာသသူရဲကောင်းများ” ဂုဏ်ပြုဆုတံဆိပ်များ...