အောင်လံ၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး အောင်လံမြို့ ရွာထောင်ရပ်တွင် တည်ရှိသည့် ဧက ၆၀ ရွှေဓါတ်ကယ်တောင်နှင့်ရွှေဓါတ်ရုပ်များနေရာသို့ ဇူလိုင် ၂၀ ရက် ဝါဆိုလပြည့်နေ့၌ ဘုရားဖူးလာရောက်သူများ၊ အပန်းဖြေသူများဖြင့် စည်ကားနေသောမြင်ကွင်းများ ရိုက်ကူးထားခြင်းဖြစ်ပါသည်။ (Xinhua)
မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်သို့ ၂၀၂၄ ခုနှစ် ဇူလိုင် ၂၀ ရက် ဝါဆိုလပြည့်နေ့တွင် လာရောက်လည်ပတ်ကြသည့်မြင်ကွင်းများ (Xinhua)
ရန်ကုန်၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ) ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်စွာဘုရားရှင်အားရည်မှန်း၍ ဥပုသ်သီလဆောက်တည်ခြင်း၊ ပဋ္ဌာန်းဒေသနာတော်နှင့် ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၌ ဝါဆိုသင်္ကန်းကပ်လှူခြင်း၊ ကုသိုလ်ဒါန သီလပွားများခြင်းစသည့် သူတော်ကောင်းတရားများကို ကြိုးစားအားထုတ်ဆောင်ရွက်ကြကြောင်း သိရသည်။ ဇူလိုင် ၂၀ ရက် ညပိုင်းတွင် ရန်ကုန်မြို့ရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ရှင်စေတီတော်သို့ ဘုရားဖူးပြည်သူများ...
ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ဗိုလ်တထောင်စေတီတော်သို့ ၂၀၂၄ ခုနှစ် ဇူလိုင် ၂၀ ရက် (ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့) ညနေပိုင်း ဘုရားဖူး ပြည်သူများလာရောက်ဖူးမြော်ကြသည့်မြင်ကွင်းများကို ဖော်ပြအပ်ပါသည်။ (Xinhua)
ဘားအံ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ကရင်ပြည်နယ်ရှိ ဇွဲကပင်တောင်ကြီး၏ မိုးရာသီကာလ တိမ်မြူကြားက ပေါ်တစ်ခါ ပျောက်တစ်လှည့် သဘာဝအလှမြင်ကွင်းများနှင့် စိမ်းစိုလှပသော တောင်တက်လမ်းအလှမြင်ကွင်းများကို ဇူလိုင် ၂၀ ရက်က ရိုက်ကူးထားခြင်းဖြစ်ပါသည်။ (Xinhua)