ပေကျင်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ် ဟဲဖေမြို့တွင် ဘောလုံးကွင်း ၁၆ ကွင်းနှင့်ညီမျှသော မော်တော်ကားအလုပ်ရုံတစ်ခုတွင် စက်ရုပ်ပေါင်း ၈၀၀ ကျော်က စွမ်းအင်သစ်သုံးမော်တော်ယာဉ် (NEVs) မော်ဒယ်အမျိုးမျိုးကို တပ်ဆင်ရာ၌ စုပေါင်းကာ လုပ်ဆောင်လျက်ရှိသည်။
မန္တလေး ၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) ၂၀၂၃ ခုနှစ် “လှပသောပန်းများနှင့်လပြည့်နေ့” နိုင်ငံဖြတ်ကျော် ဆောင်းဦးရာသီပွဲတော် ပဒေသာအကအလှ ဖျော်ဖြေတင်ဆက်ပွဲ (မြန်မာနိုင်ငံခရီးစဉ်) အား စက်တင်ဘာ ၃၀ ရက်တွင် မန္တလေးမြို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါဖျော်ဖြေတင်ဆက်ပွဲအား ယူနန်ပြည်နယ် ပြည်သူ့အစိုးရ သတင်းပြန်ကြားရေးရုံးနှင့် ယူနန်ပြည်နယ်...
ပဲခူး၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် တည်ရှိပြီး ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာမြို့ဟောင်း အနောက်ဘက်ရှိ လုလင်ကျော်တံခါးပေါက်အား လာရောက်လေ့လာသူများကို ဖော်ပြပါရုပ်သံဖိုင်တွင် တွေ့မြင်နိုင်သည်။ (Xinhua)
ချင်းကျန့်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ချင်းကျန့်မြို့တွင် သစ်သီး မီးအိမ် ပန်းပုအလှပြိုင်ပွဲကို စက်တင်ဘာ ၂၈ ရက်က ကျင်းပခဲ့ရာ လူကြီးအဖွဲ့၊ လူငယ်အဖွဲ့နှင့်အခြား အဖွဲ့များတွင် ပြိုင်ပွဲဝင် ၅၀၀ ကျော် ပါဝင် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ ဆောင်းဦးလယ် လမုန့်ပွဲတော်ရောက်ရှိတိုင်း...
ဗလက်ဒါ၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ အရေး ဖြေရှင်းရာတွင် ဥရောပသမဂ္ဂ (EU) အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် မြေထဲပင်လယ်ဒေသ ဥရောပသမဂ္ဂ အဖွဲ့ဝင် ၉ နိုင်ငံခေါင်းဆောင်များက စက်တင်ဘာ ၂၉ ရက် မော်လ်တာနိုင်ငံတွင် ကျင်းပသည့် အစည်းအဝေး၌ တိုက်တွန်း...