မီလ်ဝေါ်ကီ၊ အမေရိကန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ရီပက်ဘလစ်ကန်ပါတီ သမ္မတလောင်းအဖြစ် လပေါင်းများစွာ ထင်ကြေးပေးခံခဲ့ရသော အမေရိကန်နိုင်ငံ သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် ပါတီ၏ တရားဝင်အမည်စာရင်းတင်သွင်းရန် ဇူလိုင် ၁၅ ရက်က ကိုယ်စားလှယ်မဲအရေအတွက် အလုံအလောက်ရရှိခဲ့ကြောင်း သိရသည်။ လွန်ခဲ့သောနှစ်ရက်အကြာက လုပ်ကြံရန်ကြိုးပမ်းမှုမှ အသက်ရှင်လွတ်မြောက်ခဲ့သော သမ္မတဟောင်း ထရမ့်သည်...
ဝါရှင်တန်ဒီစီ၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတဟောင်း၊ ရီပက်ဘလစ်ကန်ပါတီက အဆိုပြုသူ ဒေါ်နယ်ထရမ့်က အိုဟိုင်းအိုးအမတ် ဂျေဒီဗန့်စ်အား ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်ကြောင်း ၎င်း၏ လူမှုကွန်ရက်ပလက်ဖောင်း Truth Social မှတစ်ဆင့် ကြေညာခဲ့ပြီး ထရမ့်၏ ဒုတိယသမ္မတရွေးချယ်မှုနှင့်ပတ်သက်၍ လပေါင်းများစွာ ထင်ကြေးပေးမှုများ အဆုံးသတ်ခဲ့ကြောင်း သိရသည်။...
(ကမ္ဘာ့ရွှေဈေး) တစ်အောင်စ= ၂,၄၁၅ အမေရိကန်ဒေါ်လာ အကယ်ဒမီမီးလင်းရွှေ (အဖွင့်ဈေး) = ၄,၆၇၁, ၁၁၂ ကျပ် (YGEA) ဖော်ပြပါ အချက်အလက်များသည် (၁၆.၇.၂၀၂၄ ) တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ ထုတ်ပြန်သော အဖွင့်ဈေးနှုန်းများကို စုစည်းဖော်ပြခြင်းဖြစ်သည်။ ဈေးနှုန်းများ အချိန်နှင့်အမျှ အပြောင်းအလဲရှိနိုင်ပါသည်။...
နေပြည်တော်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ဘွဲ့ကြိုဘွဲ့လွန် ကျောင်းသား၊ ကျောင်းသူ ၁၀၇ ဦးအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Yuntianhua ပညာသင်ဆု ပေးအပ်ပွဲအခမ်းအနားကို ဇူလိုင် ၁၅ ရက်၌ မြန်မာနိုင်ငံ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။...
မကွေး၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ အနိမ့်ပိုင်းရပ်ကွက်အချို့တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်လာမှုကြောင့် ဇူလိုင် ၁၅ ရက်အထိ အိမ်ထောင်စု ၃၀၀ ကျော် ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ကြရကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်နေသူများထံမှ သိရသည်။ ရေဘေးသင့်ပြည်သူများကို ရပ်ကွက်ဓမ္မာရုံများနှင့် လမ်းနံဘေးနေရာလွတ်များတွင် ယာယီတဲထိုး၍ နေထိုင်ကြရကြောင်း သိရသည်။...