ဂျာကာတာ ၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားသမ္မတ နှင့် မလေးရှားဝန်ကြီးချုပ်တို့သည် အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် ဘိုဂေါ် (Bogor)ရှိ သမ္မတနန်းတော်၌ ပြုလုပ်သော အစည်းအဝေးတစ်ခုတွင် စီးပွားရေးပြန်လည်နလံထရေးလှုံ့ဆော်မှုတစ်ရပ်အနေဖြင့် ကာကွယ်ဆေးထိုးနှံပြီးသူများအတွက် အဆင့်ဆင့်ဖြင့် ခရီးသွားလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်ပေးရန် နိုဝင်ဘာ ၁၀ ရက်က နှစ်နိုင်ငံအကြား သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။
ပေကျင်း၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖိတ်ကြားချက်အရ အာရှ-ပစိဖိတ် စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ခေါင်းဆောင်များအစည်းအဝေး(APEC CEO Summit)သို့ ယနေ့ နိုဝင်ဘာ ၁၁ ရက်တွင် ပေကျင်းမြို့မှ ဗီဒီယိုလင့်ခ်ဖြင့်တက်ရောက်ခဲ့ပြီး “ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ခိုင်မာစွာဆောင်ရွက်၍ အာရှ-ပစိဖိတ် အေးတူပူအမျှအသိုက်အဝန်း အတူလက်တွဲတည်ဆောက်ကြမည်”ဟူသော ခေါင်းစဉ်ဖြင့်...
ရှန်ဟိုင်း၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) စတုတ္ထအကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) အား နိုဝင်ဘာ ၁၀ ရက်တွင် ပိတ်သိမ်းခဲ့ပြီး ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ တစ်နှစ်တာဝယ်ယူခြင်းအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၀.၇၂ ဘီလီယံ တန်ဖိုးရှိသော ကမ်းလှမ်းမှုသဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း CIIE ဗျူရို...
ဒါကာ ၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရက မြို့တော် ဒါကာမြို့၌ တရုတ်ရန်ပုံငွေဖြင့် အဝေးပြေးလမ်းစီမံကိန်းတစ်ခုအား အတည်ပြုခဲ့ကြောင်း သိရသည်။ အဆိုပါစီမံကိန်းအား နိုဝင်ဘာ ၁၀ ရက်တွင် ဘဏ္ဍာရေးဝန်ကြီး AHM Mustafa Kamal က ဦးဆောင်သော ဘင်္ဂလားဒေ့ရှ် စီးပွားရေးရာကော်မတီ အစိုးရအစည်းအဝေးတွင်...
အဘူဂျာ ၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း Katsina ပြည်နယ် Batsali မြို့နယ်ရှိ ဗလီတစ်ခုအား အမည်မသိ စစ်သွေးကြွလက်နက်ကိုင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လူ ၁၁ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ဂျီးရီးယား ရဲတပ်ဖွဲ့က နိုဝင်ဘာ...