မော်စကို ၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) ပင်လယ်နက်ရှိ အမေရိကန်ရေတပ်သင်္ဘောများ၏ စစ်ဆင်ရေးများသည် “မတည်မငြိမ်ဖြစ်စေသည့်အကြောင်းရင်း” တစ်ခုဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) ကိုဗစ်ကာကွယ်ထိုးနှံထားခြင်းမရှိသည့် သူလူအုပ်စုသည် ကာကွယ်ဆေးအပြည့်အဝထိုးနှံထားသူနှင့် နှိုင်းယှဉ်ပါက ရောဂါကူးစက်ပြီးနောက် ရောဂါပြင်းထန်နိုင်မှု သို့မဟုတ် သေဆုံးနိုင်မှုသည် ၁၅ ဆ ပို၍ မြင့်မားကြောင်း ဩစတြေးလျနိုင်ငံ နယူးဆောက်သ် ဝေးလ်ပြည်နယ် ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၈ ရက် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
မော်စကို၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) ရုရှားနယ်စပ်အနီးတွင် နိုင်ငံစုံ စစ်ရေးအစုအဖွဲ့ ဖွဲ့စည်းရန် အမေရိကန်ကြိုးပမ်းနေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။
ကိုင်ရို၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) ယခုရက်ပိုင်းများတွင် တရုတ်-အီဂျစ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။
ဘန်ကောက် ၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ ဘုရင် မဟာဗာဂျီရယ်လောင်ကွန်းက ထိုင်းနိုင်ငံ နှင့် တရုတ်နိုင်ငံသည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းများ ဖြစ်ကြောင်း ၊ ထိုင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးများ နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။