ပါရီ၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) ပြင်သစ်နိုင်ငံ၌ ကိုဗစ်အားဖြည့်ကာကွယ်ဆေးထိုးနှံမှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတ မက်ခရွန်က နိုဝင်ဘာ ၉ ရက်တွင် ရုပ်မြင်သံကြားမိန့်ခွန်းပြောကြားစဉ် ထည့်သွင်း ပြောကြားခဲ့သည်။
ပေကျင်း ၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) အမေရိကန်ကွန်ဂရက်လွှတ်တော်အမတ်များသည် စစ်လေယာဉ်တစ်စင်းဖြင့် ထိုင်ဝမ်သို့ သွားရောက်လည်ပတ်ခဲ့ခြင်းကို တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန်ဆန့်ကျင်ကန့်ကွက်ကြောင်း နှင့် ပြစ်တင်ရှုတ်ချကြောင်း တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက နိုဝင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။
တီဟီရန်၊နိုဝင်ဘာ ၁၀ရက် (ဆင်ဟွာ) အီရန်နိုင်ငံသည် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကို လျစ်လျူရှုပြီး ၎င်း၏ ကာကွယ်ရေးစွမ်းရည်ကို အပြည့်အဝ မြှင့်တင်သွားမည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး Abdullahhiyan က နိုဝင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။
နန်နင်း ၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ) နောက်ဆုံး ဥမင်လိုဏ်ခေါင်းအားယနေ့ နိုဝင်ဘာ ၉ ရက်တွင် ဖောက်လုပ်မှုပြီးစီးခြင်းနှင့်အတူ တရုတ်-ဗီယက်နမ် နယ်စပ်သို့ တရုတ်မြန်နှုန်းမြင့်ရထားများ ရောက်ရှိလာမည့် ရထားလမ်း တည်ဆောက်မှုသည် အရေးပါသည့် ခြေလှမ်းသစ်တစ်ရပ်ကို လှမ်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ ၄၆ ဒသမ ၉ ကီလိုမီတာ...